Monday, October 14, 2013
ဗီယက်နမ် မီးရှူးမီးပန်း စက်ရုံ ပေါက်ကွဲမှုဖြစ်၂၁ဦးသေ
Categories :
၁၄.၁၀.၂၀၁၃၊ တနင်္လာနေ့
ဗီယက်နမ်နိုင်ငံမြောက်ဘက် ရှိ မီးရှူးမီးပန်းစက်ရုံတွင် ပေါက် ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂၁ဦး ထက်မနည်းသေဆုံးခဲ့ပြီး လူဒါဇင် ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ ကြောင်းသိရသည်။ အဆိုပါပေါက် ကွဲမှုသည် အလုပ်သမား ၃၀၀ ဝန်းကျင် လုပ်ကိုင်နေသော ဖူသို ပြည်နယ်ရှိစက်ရုံတွင် ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
''လူကတော့ ၂၁ဦးသေပြီး ၉၈ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ် ရာရတဲ့သူတွေကတော့ မီးလောင် တဲ့သူတွေများပါတယ်''ဟု ကယ် ဆယ်ရေးစစ်တပ်အရာရှိက AFP သို့ ဖုန်းဖြင့်ပြောခဲ့သည်။မီးလောင်ဒဏ်ရာရရှိသူများ ကို ဟနွိုင်းမြို့ရှိ ဆင်ခြေဖုံးဒေသ မှ ၁၂ဝကီလိုမီတာ အကွာအဝေး ရှိ ဆေးရုံသို့ ပို့ဆောင်ကုသပေး ခဲ့သည်။
''ကျွန်မသမီးရဲ့ မျက်နှာ တစ်ပြင်လုံး မီးလောင်ဒဏ်ရာတွေ ပြည့်နေတာကြောင့် ကျွန်မရဲ့သ မီးကိုတောင် မမှတ်မိတဲ့အထိပါ ပဲ။ သူက ကိုယ်ဝန်နဲ့ဖြစ်တာ ကြောင့် ပေါက်ကွဲတဲ့အချိန် ထွက် ပြေးလို့မလွတ်ခဲ့ပါဘူး''ဟု အမျိုး သမီးတစ်ဦးက မီဒီယာများကို ပြောခဲ့သည်။ အဆိုပါပေါက်ကွဲမှု ကို ၁ဝကီလိုမီတာအကွာအဝေး အထိကြားရပြီး ဒေသခံ ၂၀၀၀ ဝန်းကျင်တို့သည် နေရာပြောင်း ရွှေ့ခဲ့ကြရသည်။ ပေါက်ကွဲသော အရှိန်ကြောင့် အနီးအနားရှိအိမ် များမှ ခေါင်မိုးများလွင့်ထွက်သွား ပြီး ပြတင်းပေါက်မှန်များ ကွဲခဲ့ရ သည့် ဓာတ်ပုံများကို ဗီယက်နမ် နိုင်ငံသားများ၏ ဘလော့ဂ်တွင် တွေ့ရသည်။ ပေါက်ကွဲမှုဖြစ်ပွား ရာနေရာမှ ၁၅ကီလိုမီတာအကွာ အဝေးတွင် နေထိုင်သူများကို နေ ရာပြောင်းရွှေ့ရန်တိုက်တွန်းခဲ့ရ သည်။
''နံနက် ရနာရီ ၅၅မိနစ်က ပထမတစ်ကြိမ်ပေါက်ကွဲတယ်။ ပြီးတော့ အဆက်မပြတ်ပေါက်ကွဲ တော့တာပဲ။ ယမ်းနံ့တွေလဲ ရ တယ်။ ပေါက်ကွဲတဲ့နေရာနဲ့ ကီလို မီတာတော်တော်ဝေးတဲ့နေရာ တွေအထိ မြေကြီးတွေ တုန်ခါ နေတယ်''ဟု Khai Xuan ခရိုင် မှ ဖီချန်ထရန်က ပြောခဲ့သည်။အဆိုပါပေါက်ကွဲမှုဖြစ်ပွား သော စက်ရုံသည် ဗီယက်နမ်တွင် Lunar နှစ်သစ်ကူးပွဲတော်နှင့် တခြားသောပွဲတော်များအတွက် မီးရှူးမီးပန်းထုတ်လုပ်ပေးသော တစ်ခုတည်းသော စက်ရုံဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားရခြင်း အ ကြောင်းရင်းကို စုံစမ်းစစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရ သည်။
Yangon Media Group
Subscribe to:
Post Comments (Atom)