31.10.2013
စက်မူဝန်ကြီးဌာန လက်အောက်ရှိ စက်မှုလုပ်ငန်းများ ကုန်ကြမ်းပစ္စည်း ဈေးမြင့်တက်မှုများကြောင့် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက People Powerသို့ ပြောကြားသည်။အဆိုပါ ကုန်ကြမ်းပစ္စည်းဈေးမြင့်တက်မှုကြောင့် နိုင်ငံတော် ဘတ်ဂျတ်ဖြင့်သာ လုပ်ငန်းများ လည်ပတ်နေရကြောင်း ၎င်းက ဆိုသည်။စက်မူ ၁ ၀န်ကြီးဌာနလက်အောက်ရှိ အစိုးရစက်ရုံများသည် လျှပ်စစ်မီး၊ သဘာဝဓာတ်ငွေ့ လုံလောက်ခြင်း မရှိ၍ အဓိကအားဖြင့် သံထည်စက်ရုံများ၊ ကား ပစ္စည်းကုန်ကြမ်းဈေးမြင့်မူများအရှုံးနှင့်ရင်ဆိုင်နေရကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။“အစိုးရဘက်က အခွန်ကောက်တဲ့အလုပ်ကိုပဲ မှန်မှန် ကန်ကန်လုပ်သင့်တယ်။ စီးပွားရေးမှာ မလုပ်ဆောင်သင့်ဘူး။ မူဝါဒပဲ ချပေးရမယ်။ ဒါကိုပြောချင်တာ” ဟု ၎င်းကဆိုသည်။ယခုလက်ရှိတွင် အစိုးရအနေဖြင့် အခွန်ဥပဒေကို
ရေးဆွဲနေခြင်းသည်လည်း မပြီးဆုံးသေးကြောင်း သိရသည်။