Monday, October 14, 2013

ကောလာဟလကြောင့် တံတားပေါ်ကြောက်လန့်တကြားပြေးကြရာမှ ဘုရားဖူး၆ဝခန့် သေဆုံး

0 comments
Monday, October 14, 2013

အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဘုရား ကျောင်းတစ်ကျောင်း အပြင်ဘက် ရှိ တံတားတစ်ခုပေါ်တွင် လူအ များ ထိတ်လန့်တကြား ကမူးရှူး ထိုး
ပြေးလွှားခဲ့ရာ အနည်းဆုံး လူ ပေါင်း၆ဝခန့် သေဆုံးခဲ့သည်ဟု သိရသည်။ လက်ရှိအချိန်အထိ သေ ဆုံးသူ ၆ဝခန့်ရှိကြောင်း အတည် ပြုပြောကြားနိုင်သော်လည်း အ သေအပျောက်စာရင်းတွင် ၁၀၀ အထိတိုးလာဖွယ်ရှိသည်ဟု ဒေသ ခံ လက်ထောက် စုံစမ်းစစ်ဆေး ရေးအရာရှိ ဗိုလ်ချုပ်ကြီးဒီကော အာယာက ပြောကြားခဲ့သည်။

တံတားပေါ်ရှိ လူများထိတ် လန့်တကြားနှင့် ဝရုန်းသုန်းကား ပြေးလွှားရသည့်အကြောင်းမှာ ကုန်တင်ကားကြီးတစ်စီးက တံ တားကို တိုက်မိပြီးနောက် တံတား ပြိုကျတော့မည်ဖြစ်ကြောင်း ကောလာဟလအသံများ ထွက် ပေါ်လာပြီးနောက် တံတားပေါ် တွင်ရှိနေသူများ ကမူးရှူးထိုးပြေး လွှားခဲ့ကြကြောင်း၊ အချို့လူများ မှာ ကြောက်အားလန့်အားနှင့် တံတားပေါ်မှ မြစ်ထဲသို့ခုန်ချခဲ့ ကြကြောင်း၊ မြစ်ထဲသို့ ခုန်ချသူ အရေအတွက် မည်မျှအထိရှိသည် ကို အတိအကျမသိရသေးကြောင်း မစ္စတာအာယာက ပြောကြားခဲ့ သည်။

အခင်းဖြစ်ပွားချိန်တွင် ဟိန္ဒူ ဘာသာဝင်တို့ နာဝါရာတရီပွဲ တော်ကျင်းပသည့် နောက်ဆုံးနေ့ ဖြစ်ပြီး ဘုရားကျောင်းသို့ ဘုရား ဖူးသန်းနှင့်ချီ၍ ရောက်ရှိနေချိန် ဖြစ်သည်။ ၂၀၁၁ခုနှစ်ကလည်း တံတားကျိုးကျမှုကြောင့် ဟိန္ဒူ ဘုရားဖူး ၁၀၂ဦး သေဆုံး ခဲ့ဖူး ကြောင်း သိရသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here