Tuesday, October 8, 2013

မြေဈေးနှုန်းများကို ရန်ကုန်သာမက တစ်နိုင်ငံလုံး၌ပါ သတ်မှတ်မည်

0 comments

8.10.2013

ကာလ တန်ဖိုး စိစစ် သတ်မှတ် ရေး ကောင်စီ က ရန်ကုန်တိုင်း ဒေသကြီး ၏ မြေ ဈေးနှုန်း များ ကို စိစစ် သတ်မှတ်ရုံ သာမက မြန်မာ တစ်နိုင်ငံ လုံး ၏ မြေ ဈေးနှုန်း များ ကိုပါ သတ်မှတ် ပေးသွားရန် ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က ၅-၁၀-၂၀၁၃ ရက် တွင် ပြောသည်။ ထို ကဲ့သို့ မြေ ဈေးနှုန်း များ ကို စိစစ် သတ်မှတ်ခြင်း မှာ နိုင်ငံတော် အတွက် ရသင့် ရထိုက် သည့် အခွန်များ မဆုံးရှုံး စေရန် အတွက် လည်း ဖြစ်ကြောင်း သိရ သည်။

ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က “အခု ရန်ကုန် က မြေေ ဈးနှုန်း တွေ သတ်မှတ် ပြီးရင် နောင် တဖြည်းဖြည်း တခြား တိုင်း ဒေသကြီး တွေ ၊ ပြည်နယ်ေ တွ က မြေဈေး တွေ ကိုလည်း သတ်မှတ် ပေးသွား မယ်။ လောလော ဆယ် ရန်ကုန် မှာ စမ်းသပ် ပြီး လုပ်နေပြီ ဆိုတော့ စမ်းသပ် ကာလ ကတော့ အနည်း ဆုံး တစ်နှစ် တော့ ဖြစ်မှာ ပေါ့။ ဒါတွေ က ချက်ချင်း လုပ်လို့ မရဘူး လေ။ မြေ ဈေးနှုန်း သတ်မှတ် တာက အခွန်ဆောင် ရာမှာ အခြေခံ ဖို့ သတ်မှတ် တာ။ ဒီလောက် နဲ့ ရောင်းရ မယ်။ ဒီလောက် နဲ့ ဝယ်ရမယ် လို့ သတ်မှတ် တာ မဟုတ် ပါဘူး” ဟု ပြောသည်။

ထို့ပြင် အဆိုပါ မြေ ဈေးနှုန်း သတ်မှတ်ချက် များ အား ဈေးကွက် အပြောင်း အလဲ အရ ဈေးနှုန်း အတက် အကျပေါ် မူတည် ပြီး အချိန် ကာလ တစ်ခု ပေါ်တွင် ပြန်လည် ပြင်ဆင် သတ်မှတ် မည် ဖြစ်ကြောင်း သိရသည်။ မြေ ဈေးနှုန်း သတ်မှတ် လိုက်ခြင်း ကြောင့် အရောင်း အဝယ် ကဏ္ဍ တွင် ထူးထူး ခြားခြား ပြောင်းလဲ ခြင်း မရှိသော် လည်း အိမ်ခြံမြေ အမည် ပေါက် ပြောင်းလဲ ခြင်းများ သိသိ သာသာ လျော့နည်း သွားကြောင်း သိရသည်။

ပြည်မြန်မာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here