Sunday, October 13, 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အောက်တိုဘာ ၂၅ ရက်မှ ၃၀ ရက်အတွင်း လိုင်ဇာမြို့၌ ပြုလုပ်မည်

0 comments
Sunday, October 13, 2013

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရးအဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကို အောက်တိုဘာ ၂၅ ရက်မှ ၃၀ ရက်အတွင်း ကချင် လွတ်မြောက်ရးအဖွဲ့ချုပ် (KIO) ဌာနချုပ်ရှိရာ လိုင်ဇာ၌ ပြုလုပ်သွားမည်ဟု သိရသည်။ အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အထိ ပြုလုပ်ခဲ့သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အရေးပေါ် ကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်များတွင် အဆိုပါ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်ရန် ထည့်သွင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ နိုင်ငံရေးအခြေအနေ တောင်းဆိုချက်များအရ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ခေါ်ယူရန် သဘောတူ ဆုံးဖြတ်ကြောင်း၊ အဆိုပါ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးအတွက် ကျင်းပရေးကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စီစဉ်ဆောင်ရွက်သွားရန်၊ အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ ပါဝင်သာ ကိုယ်စားလှယ် အရေအတွက်ကို တစ်ဖွဲ့လျှင် အနည်းဆုံး နှစ်ဦးမှ အများဆုံး ငါးဦးအထိ တက်ရောက်နိုင်ရန်အတွက် ဖိတ်ကြားသွားရန်ဟု ဆုံးဖြတ်ချက်တွင် ပါရှိသည်။

အဆိုပါ အစည်းအဝေးကျင်းပရန် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့ ၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တီနှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် KIO အဖွဲ့က တောင်းဆိုခဲ့ပြီး အစိုးရဘက်ကလည်း သဘောတူခဲ့သည်။

အစိုးရဘက်မှ အောက်တိုဘာ လကုန်ခန့်တွင် ပြုလုပ်ဖွယ်ရှိသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ မတိုင်မီ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံပြီး တောင်းဆိုရမည့် အချက်အလက်များ ညှိနှိုင်းရန် ဖြစ်ကြောင်းနှင့် အစိုးရမှ စီစဉ်ထားသည့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သည့် စီမံချက်များကို လေ့လာပြီးမှသာ လက်မှတ် ထိုး မထိုးကို ဆုံးဖြတ်သွားမည်ဟု UNFC အဖွဲ့ဝင် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မ်ာက ပြောကြားထားသည်။

အဆိုပါ UNFC ၏ လေးရက်ကြာ အစည်းအဝေး ဆုံးဖြတ်ချက်တွင် UNFC ခေါင်းဆောင် သုံးဦးအား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်တွင်း အလည်အပတ်လာရောက်ရေး ဖိတ်ခေါ်ခြင်းအပေါ် မသွားသင့်ကြောင်း ရှုမြင်သုံးသပ်ပြီး အကျိုးသင့် အကြောင်းသင့် တရားဝင်စာ တုံ့ပြန်သွားရန်နှင့် ပြည်တွင်းစည်းရုံးရေး လုပ်ငန်းစဉ် ဆောင်ရွက်ရန်မှအပ ပြည်တွင်းသို့ မ၀င်ရောက်ရေးမူအား ဆက်လက် ကျင့်သုံးသွားရန် ဟူသော အချက်များကိုလည်း ထည့်သွင်းခဲ့သည်။

ထို့ပြင် ဒီမိုကရေစီ အင်အားစုများနှင့် သင့်တော်သည့် လုပ်ငန်းများတွင် ဆက်စပ် ပူးတွဲလှုပ်ရှားသွားရန်၊ UNFC ၏ ညီလာခံကြီးကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျရောက်မည့် အချိန်ကာလအတိုင်း အတိအကျ ကျင်းပသွားရန်၊ အဖွဲ့ဝင်အဖြစ် လျှောက်ထားလာသာ ABSDF အားနိုင်ငံရေး/စစ်ရေး လုပ်ငန်း လက်တွဲ ဆောင်ရွက်သည့် အဖွဲ့ဝင်အဖြစ် သတ်မှတ် အတည်ပြုခြင်း စသည့်အချက်များကိုလည်း ဆုံးဖြတ်ခဲ့သည်။

လက်ရှိ UNFC အဖွဲ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့များဖြစ်သည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ တအာင်း(ပလောင်) လွတ်မြောက်ရေးအဖွဲ့(PNLO)၊ မွန် ပြည်သစ်ပါတီ (NMSP)၊ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဆဲ အဖွဲ့များဖြစ်သည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIO/KIA)၊ တအာင်း(ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA)တို့နှင့် အစိုးရနှင့် မည်သည့် ဆွေးနွေးမှုမျှ မပြုလုပ်ရသေးသော LDU (လားဟူ)၊ NUPA/ANC(ရခိုင်)၊ '၀' အမျိုးသားအဖွဲ့ချုပ် (WNO) စသည့် လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ပါဝင်ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here