Thursday, October 17, 2013

ယုံကြည်၊ နားလည်၊ လေးစားပါ

0 comments

Thursday, October 17, 2013

* တစ်ယောက်နဲ့ တစ်ယောက် ရေရှည် လက်တွဲဖို့၊ တည်တံ့ ခိုင်မြဲဖို့ဆိုတာ“ယုံကြည်မှု”က အခြေခံလိုအပ်ချက် တစ်ခုပဲ။ လူ့ပတ်ဝန်းကျင်နယ်ပယ်မှာပဲဖြစ်ဖြစ်၊ ချစ်သူ သမီးရည်းစားကြားမှာပဲဖြစ်ဖြစ် “ယုံကြည်မှု” မရှိဘဲ ရှေ့ဆက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

- ဖြစ်နိုင်ဖို့ဆိုတာလည်း တော်တော်လေးခဲယဉ်းတယ်။ ယုံကြည်မှု မရှိဘဲ လက်တွဲနေကြတယ်ဆိုရင်လည်း အပေါ်ယံ သက်သက် ဆက်ဆံရေးပဲ ဖြစ်နိုင်မယ်။

* နောက်တဆင့်က “နားလည်မှု” ပဲ။ ယုံကြည်တယ်။ သို့သော် တစ်ယောက်ရဲ့သဘောထားကို တစ်ယောက်က နားလည် မပေးနိုင်ဘူး။

- နားလည်ပေးနိုင်တဲ့ စွမ်းအားလည်း သူ့မှာ မရှိဘူး။ နားလည်ပေးနိုင်အောင်လည်း မကြိုးစားဘူးဆိုရင်လည်း ပေါင်းသင်း ဆက်ဆံရတာ အဆင် မပြေပြန်ဘူး။ ပူလောင်တယ်။ မအေးချမ်းဘူး။

* နောက်ဆုံးအချက်က “လေးစားမှု”ပဲ။ ယုံကြည်တယ်။ နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ “လေးစားမှု” မရှိဘူး။ ဒီလိုဆိုရင်လည်း ဘ၀ဟာ နေရတာ တစ်ခါတစ်လေမှာ သိပ်အဆင်မပြေဘူး။ စိတ် ကသိ ကအောက် ဖြစ်ရတယ်။

- အမြဲတမ်း လေးလေးစားစား ဆက်ဆံနေရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ လေးလေးစားစား ဆက်ဆံ သင့်တဲ့နေရာမှာ လေးလေးစားစားပဲဆက်ဆံရမယ်ကို ဆိုလိုတာပါ။

- ဒါက ချစ်သူ သမီးရည်းစား ဘ၀မှာ သိပ်ပြီးသိပ်မသိသာပေမဲ့ အိမ်ထောင်ရေးနယ်ပယ်နဲ့ အခြားလူ့ပတ်ဝန်းကျင်ကဏ္ဍ အသီးသီးမှာ“လေးစားမှု” အလွန်အရေးပါ အရာရောက်တယ်ဆိုတာ ပိုသတိထားမိလာတယ်။

* ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ရေရှည်လက်တွဲချင်တယ်။ ခိုင်မြဲချင်တယ်။ အဆင်ပြေချင်တယ်။ စိတ်ချမ်းသာချင် တယ်ဆိုရင်တော့ အတတ် နိုင်ဆုံး ယုံကြည်မှုရှိပါ။ နားလည်ပါ။ လေးစားပါ။

-“ဌေး”သာမဏေကျော်ဆရာတော်
နှလုံးသားအာဟာရ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here