Thursday, October 17, 2013

အမျိုးသမီးများ ဓမ္မတာလာစဉ်ကိုယ်အလေးချိန်တိုး။

0 comments

Thursday, October 17, 2013

ရာသီသွေးပမာဏ

သားအိမ်မှ စွန့် ထုတ်လိုက်တဲ့ ဆဲလ်အပိုင်းအစများ၊ သွေးခဲလေးများနဲ့  သွေးရည်ကြည်များဆင်းခြင်းကို ရာသီသွေးပေါ်တယ်လို့  အလွယ်ခေါ်ဆိုကြပါတယ်။ ပျမ်းမျှအားဖြင့် ၂၈-ရက်ကြာတိုင်း ရာသီသွေးပေါ်လေ့ရှိပါတယ်။ အပူပိုင်းဒေသရှိ အမျိုးသမီးတွေက အသက် ၁၂-နှစ် ဒါမှမဟုတ် ၁၃-နှစ်ခန့်မှာရာသီလာလေ့ရှိပြီး၊ အချို့ ကလည်း ထူးထူးခြားခြား အသက် ၈-နှစ်ကတည်းက ရာသီစလာနေကြပါပြီ်။ အအေးပိုင်းဒေသရှိ အမျိုးသမီးတွေကတော့ နောက်ကျမှ သွေးပေါ်လေ့ရှိပါတယ်။

ဓမ္မတာရာသီစက်ဝန်း


ဓမ္မတာရာသီစက်ဝန်းတစ်ခုမှာ အမျိုးသမီးများ သွေးဆင်းတဲ့ပမာဏ မတူညီကြပါဘူး။ တချို့ က စားပွဲ တင်ဇွန်း ၁၀-ဇွန်းလောက် သာသွေးပေါ်ပြီး၊ တချို့ ကတော့ ကော်ဖီခွက် ၁-ခွက်ခန့်  သွေးပေါ်လေ့ရှိပါတယ်။

ပုံမှန်မဟုတ် သွေးဆင်းခြင်း


ရာသီစက်ဝန်းမတိုင်ခင်သွေးဆင်းခြင်းနဲ့  ၇-ရက်ထက်ပို၍ ရက်ရှည်ရာသီလာခြင်းက ပုံမှန်အခြေအနေမဟုတ်တဲ့အတွက် သတိ ထားရပါမယ်။ ကျမ္မာရေးချို့တဲ့၍ ကိုယ်အလေးချိန်သိသိသာသာထိုးကျခြင်း၊ စိတ်ဖိစီးခြင်းနဲ့  သားအိမ်ကင်ဆာရောဂါပျောက် ဆေးကဲ့သို့ ဆေးပြင်းပြင်းမှီဝဲခြင်းတို့ ကလည်း ပုံမှန်မဟုတ်သွေးဆင်းစေတတ်လို့  ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ရာသီလာစဉ်လိင်ဆက်ဆံခြင်း


ရှောင်နိုင်ရင်ပိုကောင်းပါတယ်။ သာမန်မျက်စိဖြင့်မမြင်နိုင်တဲ့ ပြင်ပရောဂါပိုးများက၊ လိင်ဆက်ဆံစဉ် အမျိုးသားလိင်အင်္ဂါမှ တဆင့် ရာသီသွေးစီးဆင်းမှုလမ်းကြောင်းထဲကို တိုက်ရိုက်ဝင်ရောက်နိုင်လို့ ပါ။

သွေးဆုံးခြင်း


ဓမ္မတာရာသီစက်ဝန်းပြီးဆုံးကာ၊ သန္ဓေမတည်နိုင်ခြင်းကို သွေးဆုံးခြင်းလို့ ခေါ်ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးများ အသက် ၅၂ နှစ်မှာသွေးဆုံးလေ့ရှိကြပြီး၊ အချို့ ကလည်း အသက် ၄၅ နှစ်နဲ့  ၅၅ နှစ်ကြား မှာ သွေးဆုံးပါတယ်။

မ္မတာလာစဉ်ကိုယ်အလေးချိန်တိုး


ဆေးသိပ္ပံပညာရှင်များရဲ့ အဆိုအမိန့် အရ ရာသီစက်ဝန်းလာခါနီးမှာ အမျိုးသမီးတွေရဲ့  ဇီဝကမ္မပြောင်းလဲခြင်းကြောင့် ခါတိုင်းနေ့  တွေထက် အာသာပြင်းပြင်း အစားပိုစားကြလို့  ၂-ကီလို မှ ၃-ကီလို အထိ ကိုယ်အလေးချိန်တိုးလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဓမ္မတာလာစဉ် ဗိုက်ဖောင်း၍ ကိုယ်အလေးချိန်မတက်ကြစေရန်အတွက်-
(၁) ရေပိုသောက်ပါ။
(၂) ခုံခုံမင်မင် အစား အများကြီးစားချင်စိတ်ကို ချိုးနှိမ်ပါ။
(၃) အဆီအနှစ်များတဲ့ အစားများရှောင်ပါ။
(၄) မဂ္ဂနီစီယမ် နဲ့  ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာများဖြစ်ကြတဲ့နွားနို့ ၊ ဒိန်ချဉ်၊ ချိစ်၊ ချောကလက်အမဲရောင်စတဲ့နို့ ထွက် ပစ္စည်းတွေ စားပေးပါ။
(၅) ပိုတက်စီယမ် ကြွယ်ဝသော အစားအစာများဖြစ်ကြတဲ့ ပန်းသီး၊ ခရမ်းချဉ်သီး နှင့် ဌက်ပျောသီးတွေ လတ်လတ်ဆတ်ဆတ် စားပေးပါ။
(၆) ကဖိန်းဓာတ်ပါသော ကော်ဖီ၊ လ္ဘက်ရည်လျော့သောက်ပါ။
(၇) ပန်းဂေါ်ဖီစိမ်း၊ အာလူး၊ ကန်စွန်းရွက်၊ မှို၊ ငါးသေတ္တာ(ပင်လယ် ငါး)၊ထောပတ်သီး၊ လိမ္မော်သီး၊ သံပုရာသီး၊ စတော်ဘယ်ရီသီး၊ ပဲပိစပ် နဲ့ ပဲနို့ ရည်များ၊ စပျစ်သီးအနီရောင်၊ စပျစ်သီးခြောက်၊ ဗန်ဒါ/နေကြာ/သီဟို စတဲ့အစေ့အဆန်များ၊ ငရုပ်ချိုပွ တွေက အမျိုးသမီး ကျမ္မာရေးအတွက် အားဖြည့်ပေးပါတယ်။

အနေအထိုင်ဆင်ခြင်ပါ။
(၁) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခဏ်း ခပ်ပေါ့ပေါ့ပါးပါးလုပ်ပါ။
(၂) ခပ်ချောင်ချောင်ပွပွ အ၀တ်အစားများက လူကိုသက်တောင့် သက်သာ
ဖြစ်စေပါတယ်။
(၃) ချည်သားနဲ့ လုပ်ထားတဲ့အတွင်းခံ ဘောင်းဘီ သန့် သန့် ကိုဝတ်ပါ။
(၄) ရာသီထိန်းတောင့် မသုံး ဘဲ၊ ဘောင်းဘီမှာကပ်တဲ့ pad ကိုသာရွေးပါ။
လက်ကိုစင်ကြယ်စွာဆေးကြောပြီးမှသာ pad နဲ့  အတွင်းခံ
တို့ကိုကိုင်တွယ်ပါ။ pad အသစ်လဲပေးဖို့  မနှမြောပါနဲ့ ။
ရာသီသွေးအနည်းအများပေါ်မူတည်ကာ ၄ နာရီခြားတစ်ခါ
အသစ်လဲပေးပါ။
(၅) အချို့  အမျိုးသမီးတွေ ရာသီလာတဲ့အခါ သူများထက်ပိုပြီး
နာကျင်ခံစားမှုပြင်းထတ်တတ်လို့ ၊ အကိုက်အခဲပျောက်ဆေး မှီဝဲပါ။
ရေနွေး အိတ်သုံး၍ ဆီးခုံနဲ့ ခါးတွေကိုကပ်ပြီး နားနားနေနေ
လဲလျောင်းပါ။
(၆) ရာသီလာတာသဘာဝမို့  စိတ်ညစ်စရာမလိုပါဘူး။ သားအိမ်ကပုံမှန်
အလုပ်လုပ်တယ်၊ ကျမ္မာရေးကောင်းတယ်လို့ 
မိမိကိုယ်ကို ဂုဏ်ယူပါ။
(၇) ရေချိုးမပျင်းပါနဲ့ ။ ပုံချိုးနေက အတိုင်း တနေ့ ၂-ကြိမ်ရေချိုးပါ။ (ရေနွေးနွေးဖြင့်ချိုးခြင်းက နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်)
(၈) ခေါင်းလျော်ခြင်းက ရာသီလာစဉ်မထိခိုက်စေဘူး
လို့  ဆေးသိပ္ပံပညာရှင်အချို့ က အကြံပြုထားကြပါတယ်။
သို့ သော် အဲဒီရက်မှာ မလျှော်လေ ကောင်းလေပါဘဲ။

(ပေါက်ပေါက်…မျှဝေသည်)
(ကိုးကား Women Care)
ကျန်းမာရေးစာတိုများစုစည်းမှု

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here