Thursday, October 31, 2013

အမျိုးသမီးအခွင့်အရေးများ ပိုမိုပညာပေးဖို့ လိုအပ်နေ

0 comments


သတင်းမီဒီယာတွေမှာ အမျိုးသမီးအခွင့်အရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဖော်ပြဖို့ လိုအပ်နေသေးသလို တိုင်းရင်းသူတွေနဲ့ နယ်ပယ်အသီးသီးက အမျိုးသမီးခေါင်းဆောင်တွေရဲ့ ရုန်းကန်ကြိုးပမ်းမှုတွေကိုလည်း ဖေါ်ပြပေးဖို့လိုအပ်နေကြောင်း ဒီနေ့ ဒုတိယမြောက်နေ့အဖြစ်ကျင်းပတဲ့ အမျိုးသမီးရေးရာဆွေးနွေးပွဲကို တက်ရောက်လာသူတွေက ပြောသွားကြပါတယ်။

ရန်ကုန်မြို့ အင်းယားလိပ် ဟိုတယ်မှာကျင်းပတဲ့ ဒီနေ့ဆွေးနွေးပွဲမှာ အနုပညာနဲ့ သတင်းမီဒီယာ လုပ်ငန်းခွင်ထဲကအမျိုးသမီးကိုယ်စားလှယ်တွေကဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။အနုပညာရှင်

 ဒေါ်ဆွေဇင်ထိုက်က သတင်းမီဒီယာတွေမှာ အမျိုးသမီးတွေ ရဲ့ပုံရိပ်တွေ ကို ဖော်ပြနေတဲ့ ပုံစံတွေ ပြောင်းလဲသင့်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“မီဒီယာထဲမှာ အမျိုးသမီးများရဲ့ ပုံရိပ်များကို ဖော်ပြတဲ့နေရာမှာ အခုခေတ်မှမဟုတ်ဘူး ဟိုးရှေးအစဉ် အဆက် ကတည်းက ကြည့်ရတာကောင်းမယ့်ပုံမျိုး entertain ဖြစ်မည့် အဲဒီဘက်ကိုဆွဲပြီးတော့ ဖော်ပြ ခံခဲ့ရတာပါ၊ ဒီလိုမျိုးဖြစ်လာတာလည်း နှစ်ပေါင်းမြောက်များစွာ ကြာခဲ့ပါပြီ၊ အထူးသဖြင့် မြန်မာပြည်မှ မဟုတ်ပါဘူး၊ အရှေ့တိုင်းရုပ်ရှင်တွေထဲမှာဆိုရင် အမျိုးသမီးပုံရိပ်ဟာ တစ်ယောက်ယောက်ကို အားကိုးနေရမယ်၊ မိသားစုအတွက်ဆိုရင် စွန့်လွှတ်ရမယ်၊ သူဘယ်လောက်စွန့်လွှတ်လဲ၊ သူဘယ်လောက် အနစ်နာခံသလဲဆိုတာဟာ သူ့ရဲ့တန်ဖိုး၊ ဒီလိုတန်ဖိုးထားမှုတွေနဲ့ ဖော်ပြလာခဲ့တဲ့ မီဒီယာထဲက အမျိုးသမီးများရဲ့ ပုံရိပ်ဟာလည်း ပြောင်းပစ်မှပါ”

အမျိုးသမီးနဲ့ လူမှုမီဒီယာကဏ္ဍ ခေါင်းစဉ်အောက်မှာ ရုပ်ရှင်အနုပညာရှင် ဒေါ်ဆွေဇင်ထိုက်၊ တေးသံ ရှင် ဒေါ်သံသာဝင်း၊ မြစ်မခ မီဒီယာအုပ်စု အမှုဆောင်အရာရှိချုပ် ဒေါ်မေသင်္ကြန်ဟိန်၊ Women Can Do It မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ပျိုးလက်ဟန်၊ ပေါင်းကူးလူမှုအဖွဲ့က ဒေါက်တာကျော်သူတို့ ပါဝင်ဆွေးနွေး ခဲ့ကြတာပါ။

ဒါ့အပြင် တောင်ယာလုပ်ငန်းနဲ့ စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေ ၊ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ အရေးကိစ္စကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ အလေးထားဆောင် ရွက်ဖို့လိုအပ် တယ်လို့ သုံးသပ်ဆွေးနွေးကြပါတယ်။


RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here