Friday, October 11, 2013

နိုင်ငံရေးအခြေခံများ သင်ကြားပေးသည့် လူငယ်စွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာသင်တန်း တောင်ကြီးတွင် တစ်လကျော် သင်ကြား

0 comments
11.10.2013

နိုင်ငံရေးအခြေခံများ သင်ကြားပေးသည့် “လူငယ်စွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာ ပညာပေးသင်တန်း” ကို တောင်ကြီးတွင် တစ်လကြာ သင်တန်းပေးခဲ့ပြီး ယင်းသင်တန်းကို ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့မှ ဦးစီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ခွန်ခေတ်စံက အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းသင်တန်းကို စက်တင်ဘာမှ အောက်တိုဘာအထိ တစ်လသင်ကြားပေးခဲ့ခြင်းဖြစ်သည်။ သင်တန်းပေးခြင်းနှင့် ပတ်သက်ပြီး ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့မှ ခွန်ခေတ်စံက “သင်တန်းကာလတုန်းက လူငယ်တွေကို အဓိက ဆွေးနွေးပေးတာကတော့ လက်ရှိမြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအနေအထားတွေ သုံးသပ်တယ်။ ဒီမိုကရေစီနဲ့ နိုင်ငံရေးအခြေခံတွေ လူငယ်တွေ နားလည်အောင်ရှင်းပြတယ်။ ပြီးတော့ လူ့အခွင့်အရေး ပိုင်းဆိုင်ရာတွေ ၊ ရွေးကောက်ပွဲစနစ်တွေကို သုံးသပ်ပြခဲ့တယ်”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၉ ရက်တွင်ကျင်းပခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ သည့် တောင်ကြီးမြို့မှ အသက် ၂၁ နှစ်အရွယ် ခွန်အောင်က “ကျွန်တော်တို့ သည်သင်တန်းတက်ရတာ မဲပေးစနစ်တွေ၊ အခြေခံလူ့ အခွင့်အရေးတွေ၊အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးဗဟုသုတတွေ အများကြီး ရပါတယ်”ဟု ပြောသည်။

အဆိုပါ သင်တန်းကို တောင်ကြီးမြို့နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသား လူငယ်များ၊ တောင်ရိုး တိုင်းရင်းသား လူငယ်များ စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here