Tuesday, October 15, 2013

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၌ လျှပ်စစ်စနက်တံ တပ်ထားသည့် လက်ပစ်ဗုံးတစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသဖြင့် ဖောက်ခွဲဖျက်ဆီး

0 comments


နေပြည်တော် အောက်တိုဘာ ၁၄

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်မေဃဂီရိရပ်ကွက် အကွက် (၁၃၉)၊(၁၆_၈၀)လမ်းထောင့် (၁၆) လမ်းတောင်ဘက်ရှိ အိမ်အမှတ် (၁၉၄)နေ ဦးမျိုးမြင့်၏ နေအိမ်အနီး ပလက်ဖောင်းတွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က မသင်္ကာဖွယ် ပစ္စည်းများ တွေ့ရှိရကြောင်း သတင်းအရ တာဝန်ရှိသူများက သွားရောက် စစ်ဆေးရာ လျှပ်စစ်စနက်တံတပ် ထားသည့် အမ် ၆၇ လက်ပစ်ဗုံး တစ်လုံး၊ ဓာတ်ခဲအသေးခြောက်လုံး၊ စားပွဲတင်နာရီတစ်လုံးတို့ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် ညနေ ၃နာရီတွင် မိုင်းရှင်းလင်းရေးအဖွဲ့က Water Bottle စနစ်ဖြင့် ဖောက် ခွဲဖျက်ဆီး လိုက်ကြောင်း၊ တစ်စုံ တစ်ရာထိခိုက် ပျက်စီးဆုံးရှုံးမှု မရှိခဲ့ ကြောင်းသိရသည်။

အလားတူ ပြည်ကြီးမျက်ရှင် ရပ်ကွက် (၆၂)လမ်း၊ (၂၉_၃၀) လမ်း အကြားရှိ ဘုန်းကြီးကျောင်းရှေ့ ပလက်ဖောင်းတွင် မသင်္ကာဖွယ်ပစ္စည်း ထပ်မံတွေ့ရှိကြောင်း သတင်းအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ပေါက်ကွဲ မှုနှင့် သက်ဆိုင်သည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့ရကြောင်း မန္တလေးမြို့ရှိ မိမိတို့ သတင်း ထောက်ထံမှ သတင်းရရှိ သည်။


သတင်းနှင်.စာနယ်ဇင်းလုပ်ငန်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here