Friday, October 18, 2013
မြန်မာ နိုင်ငံ နေရာအနှံ့ ဖြစ်ပွားခဲ့သည့် ဘာသာရေး နှီးနွှယ်မှုပြဿနာ များကြောင့် ဒီဇင်ဘာလတွင် ဆီး ဂိမ်းပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင် မည့် သက်ဆိုင်ရာနိုင်ငံများမှ အား ကစားသမားများနှင့် တာဝန်ရှိသူ များအတွက် လုံခြုံရေးကိုအထူး တလည် စီစဉ်ပေးထားကြောင်း သိရသည်။
ဆီးဂိမ်းပြိုင်ပွဲတွင် လာ ရောက်ယှဉ်ပြိုင်မည့် အားကစား သမားများနှင့် မြန်မာနိုင်ငံသို့လာ ရောက် အားပေးကြည့်ရှုမည့် ပရိ သတ်များ လုံခြုံရေးအတွက် လေ ဆိပ်ဝင်ပေါက်မှ ပြန်လည်ထွက် ခွာချိန် အထိ ပြည့်စုံသည့်စီမံမှု များ ပြုလုပ်သွားမည်ဖြစ်သည်။ထို့အပြင
အားကစားကျေးရွာတွင် လူမျိုးခြား၊ ဘာသာခြားများ အ ဆင်ပြေစွာ သက်ဝင်ယုံကြည်ရာ ကို ရှိခိုးဆုတောင်းနိုင်ရန် သက် ဆိုင်ရာ ဘာသာအလိုက် စီစဉ် ပေးထားကြောင်း၊ ယခင်ဆီးဂိမ်း ပြိုင်ပွဲများတွင်လည်း အိမ်ရှင်နိုင် ငံများအနေဖြင့် ပြိုင်ပွဲဝင်နိုင်ငံ များအတွက် ဘာသာရေးဝတ်ပြု ဆုတောင်းနိုင်ရန် စီစဉ်ပေးခဲ့ခြင်း များရှိကြောင်း အားကစားဝန်ကြီး ဌာနမှသိရသည်။
မြန်မာနိုင်ငံတွင် လေးနေ ရာခွဲကာ ပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ လုံခြုံရေးအတွက် လုံခြုံရေး ဆပ် ကော်မတီ ဖွဲ့စည်းထားပြီး သက် ဆိုင်ရာဒေသများ၌ပြုလုပ်မည့် ပြိုင်ပွဲတိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဌာနမှ အနီးကပ်ကွပ်ကဲကြပ်မတ် သွားမည်ဟုလည်း သိရသည်။
Yangon Media Group