Wednesday, October 30, 2013

ရွှေတူးဖော်ရေးကုမ္ပဏီသက်တမ်းကုန်၍ တားဆီးသော်လည်းဆက်လက်တူးဖော်နေ

0 comments
30.10.2013

အောင်ကိုဦး

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်သပိတ်ကျင်းမြို့နယ် အုံးဇုန်းကျေးရွာအုပ်စု ၀က်သေကျေးရွာတွင် မြန်မာဂိုး ဒင်းပွိုင့် (Myanmar Golden Point) ကုမ္ပဏီသည် သက်တမ်းကုန်နေသော်လည်း ရွှေတူးဖော်ခြင်းလုပ် ငန်းကို ဆက်လက်လုပ်ကိုင်နေကြောင်း မန္တလေးတိုင်းသတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်က မဇ္ဈိမကိုပြော သည်။

“၀က်သေက သက်တမ်းကုန်နေတဲ့ မြန်မာဂိုးဒင်းပွိုင့်ကုမ္ပဏီကို သက်တမ်းတိုးနေစဉ်မလုပ်ဖို့ လုပ်ငန်းရပ် နားထားဖို့ တရားဝင်စာပို့ပြီးပါပြီ။ ရွာမြေနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ဖြေရှင်းမပေးနိုင်ပါဘူး။ ဒါ ကြောင့်ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ သူတို့ပဲ ဖြေရှင်းနိုင်မှာပါ”ဟု ဦးသန်းစိုးမြင့်က ပြောသည်။

ရွှေတူးဖော်သည့် လုပ်ငန်းလုပ်ကိုင်သည့် မြန်မာဂိုးဒင်းပွိုင့်ကုမ္ပဏီသည် ၂၀၁၃ခုနှစ် သြဂုတ်လတွင် သက် တမ်းကုန်ဆုံးခဲ့သောကြောင့် လုပ်ငန်းများဆက်လက်လုပ်ကိုင်ခြင်း မပြုရန်နှင့် သက်တမ်းတိုးပြီးမှသာ ဆက်လက်လုပ်ကိုင်ရန် သတ္တုတွင်းဝန်ကြီးဌာနက စက်တင်ဘာလတွင်ကုမ္ပဏီကို တရားဝင်စာပို့ကာ အ ကြောင်းကြားပြီးဖြစ်သည်ဟုဆိုသည်

လက်ရှိတွင် ထိုကုမ္ပဏီသည် ရွှေတူးဖော်ခြင်းများကို ရပ်နားခြင်းမရှိဘဲဆက်လက်လုပ်ကိုင်နေပြီး ကုမ္ပဏီ မှစက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ခြင်း၊ မိုင်းခွဲခြင်းများကြောင့် ၀က်သေကျေးရွာမှ ရွာဦး ဘုန်းကြီး ကျောင်းနှင့် ရှေးဟောင်းစေတီများ ပျက်စီးစပြုနေပြီး သောက်သုံးရေများလည်း သန့်ရှင်းမှု မရှိခြင်းကြောင့် ဒေသခံများက ကုမ္ပဏီအပေါ်ကျေနပ်မှုမရှိကြောင်း ၀က်သေကျေးရွာမှ ဒေသခံများ ကပြောသည်။

ထို့အပြင် ထိုကုမ္ပဏီ၏ဥက္ကဋ္ဌသည်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည် ပြီး မြန်မာ နိုင်ငံသတ္တုတူးဖော်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်ကြောင်း အမှတ်(၂) သတ္တု တွင်း လုပ်ငန်း (၅)မိုင်စခန်း သပိတ်ကျင်းမြို့နယ်ရုံးမှ လက်ထောက်အင်ဂျင်နီယာ ဦးအောင်ကျော်ထွန်းက မဇ္ဈိမကိုပြော သည်။

“သက်တမ်းကုန်နေတာ ဟုတ်ပါတယ်။ သက်တမ်းတိုး ဆောင်ရွက်ဖို့လည်း လုပ်နေပါတယ်။ ဆက်ပြီ တူး ဖော်နေတာကိုတော့ မသိပါဘူး။ အဲဒါကတော့ တာဝန်ခံလာမှပဲဖြေနိုင်မှာပါ။ သက်တမ်းကုန်နေ ရင်တော့ ဆက်ပြီးတူးခွင့် မရှိပါဘူး။ တိုးပြီးမှပြန်တူးခွင့်ရှိတာပါ။ ဆက်မတူးဖို့ တားဆီးထားပါတယ်”ဟု ဦးအောင် ကျော်ထွန်းက ပြောသည်။

ဝက်သေကျေးရွာမှ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာသက်ထွန်းက “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အခုလို စည်းကမ်းချိုးဖောက် ရွှေတူးဖော်နေတာမလုပ်သင့်ဘူး။ ရွာမြေမှန်း သိသိ ကြီးနဲ့ကျူးကျော်ဝင်းခတ် ရွှေတူးဖော်နေတယ်။ အခုရွာမှာ နာရေးကားတောင် ထားစရာနေရာ မရှိလို့ လမ်း ပေါ်ထွက်ထားရတယ်။ ရွာရဲ့ဖွံ့ဖြိုးရေးလည်း ဘာမှလုပ်မပေးဘူး။ ရွာမှာ စာသင်ကျောင်းခုချိန်ထိ မရှိ သေးဘူး”ဟု ပြောသည်။

မြန်မာဂိုးဒင်းပွိုင့် ကုမ္ပဏီမှလုပ်ကွက်များကို A,B,C,D,E ဟူ၍ ခွဲထားရာ D နှင့် E မှာ ၀က်သေကျေးရွာ ပိုင်မြေများကို ၂၀၀၉ ခုနှစ်တွင် သိမ်းဆည်းကာလုပ်ကိုင်ခြင်းဖြစ်ပြီး အိမ်ခြေ ၅၀ခန့် ဖယ်ရှားပေးခဲ့ ရ ကြောင်း ဒေသခံဦးကျော်က မဇ္ဈိမကို ပြောသည်။

ထိုသို့သော မြေသိမ်းဆည်းထားခြင်းများ၊ စက်ယန္တရားများဖြင့် ရွှေတူးဖော်ခြင်း၊ မိုင်းခွဲခြင်းများကြောင့် ၀က်သေရွာမှ ဒေသခံ ၃,၀၀၀တို့က သြဂုတ်လထဲတွင် ဆန္ဒထုတ်ဖော်ခြင်း၊ သမ္မတအပါ အ၀င် ပြည်ထောင်စု ၀န်ကြီးများထံ အသနားခံစာပေးပို့ခြင်းများလည်း ပြုလုပ်ခဲ့သေးသည်ဟု ၀က်သေရွာမှ ကျေးရွာမြေပြန်လည်ရရှိရေးကော်မတီ ဥက္ကဋ္ဌဦးမောင်ကြီးက ပြောသည်။

ကုမ္ပဏီသည် ၀က်သေရွာအနီးတွင် ၂၀၀၇ခုနှစ်မှစတင်ကာ ရွှေတူးဖော်ခြင်းလုပ်ငန်းများကို ၀င်ရောက် လုပ်ကိုင်ခဲ့ ခြင်းဖြစ်သည်။

ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ၀က်သေကျေးရွာ အပါအ၀င်ရွာပေါင်း ၄၂ရွာကို နိုင်ငံတော်မှ ၂၀၁၁ ခုနှစ်တွင် တရားဝင်ကျေးရွာမြေများ သတ်မှတ်ပေးထားကြောင်း ဒေသခံတို့မှပြောသည်။ သို့သော်ဒေသခံ များသည် ၁၉၈၇ ခုနှစ်ဝန်းကျင်မှစတင်ကာ ထိုဒေသတွင် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ ၀က်သေကျေးရွာ ၏ရွာပိုင် မြေဧက ၁၅၅ ဒသမ ၃၆ရှိပြီး ထိုအထဲမှ ဧက၆၀ကျော်ကို ကုမ္ပဏီကသိမ်းဆည်းထားကြောင်းသိ ရသည်။ ၀က်သေကျေးရွာသည် အိမ်ခြေ ၉၀၀ကျော်ရှိပြီး လူဦးရေ ၃၅၅၇ဦး နေထိုင်ကြောင်းသိရသည်။


Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here