Monday, October 14, 2013

ဆရာများအား မကျေနပ်၍ တိုင်ကြားပါးက စစ်ဆေးအရေးယူနိုင်သော်လည်း အသင်အပြမကောင်းခြင်းကြောင့် ဆရာလဲလှယ်ပေးသည့်မူကို ချမှတ်ထားခြင်း မရှိဟုဆို

0 comments
Monday, October 14, 2013

ဆရာ၊ ဆရာမများအား ကျောင်း သားမိဘများက မကျေနပ်၍ တိုင်ကြားပါက စစ်ဆေးအရေး ယူနိုင်သော်လည်း အသင်အပြ မကောင်းခြင်းကြောင့် ဆရာလဲ လှယ်ခွင့်ပေးနိုင်သည့်မူကို ချမှတ် ထားခြင်း မရှိ ကြောင်း ပညာရေး အသိုင်းအဝိုင်းမှ သိရသည်။ စာအသင်အပြ မကောင်း ပါက ယင်းဆရာ၊ ဆရာမအား လဲလှယ်ပေးခွင့်ရှိသည်ဟု သတင်း စာစောင်တစ်ခုတွင် ဖော်ပြထား ခြင်းမှာမှားယွင်းကြောင်း ဒဂုံမြို့ နယ် အမှတ်(၂) အခြေခံပညာ အထက် တန်း ကျောင်း ကျောင်း အုပ်ကြီး ဦးအေးသင်းက ပြောသည်။

''ဒီလိုသာ ဆရာလဲလှယ် ခွင့်ကို တောင်းဆိုတိုင်း ခွင့်ပြုပေး ရမယ်ဆိုတိုင်းသာ ဖြစ်ရမယ်ဆို ရင် အစိုးရယန္တရားတွေ ရပ်ဆိုင်း သွားလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့မူလဲမရှိပါဘူး။ ဒီလိုပြောတာတွေက ဆရာတွေ ရဲ့စိတ်ဓာတ် တွေ ကို ပျက်ပြား အောင်လုပ်တာနဲ့ အတူတူပဲ။ အ များသဘောအတိုင်းသာလုပ် မယ်ဆိုရင်တော့ အစိုးရဌာနတွေ အကုန်ရပ်သွားလိမ့်မယ်။ တောင်း ဆိုပိုင်ခွင့်တော့ရှိတယ်။ ဒီဘက် ခေတ်မှာ အကုန်တောင်းဆိုနိုင် တယ်။ တောင်းဆို တိုင်း သာ လိုက် လဲပေးရမယ်ဆိုရင် ကျောင်းရဲ့ စီမံ ခန့်ခွဲမှုပိုင်းတွေ ထိခိုက်သွား မှာပေါ့''ဟု ဦးအေးသင်းက ထပ်မံ ပြောသည်။

စစ်ကိုင်းတိုင်းပညာရေး မှူးရုံးမှ လက်ထောက်ပညာရေး မှူး ဦးမြင့်စိုးက ပြောကြားရာ တွင် ဆရာများကိုမကျေနပ်၍ တိုင်ကြားမှသာ စစ်ဆေးအရေး ယူပေးကြောင်း၊ ပညာရေးမှူးရုံး များမှာ ကျောင်းများ၏ကိစ္စများ ကို ဝင်ရောက် စွက်ဖက် ခွင့်မရှိဘဲ ကျောင်းတစ်ကျောင်း၏ စီမံ ခန့်ခွဲခွင့်မှာ ကျောင်းအုပ်ထံတွင် ပင်ရှိကြောင်း ပြောသည်။

''ဒီလိုမျိုးမိဘတွေက ဆရာ တွေ အသင်အပြမကောင်းလို့ လဲပေးပါလို့သွားပြောကြရင်တော့ ကျောင်းအုပ်ကနေ ဆုံးဖြတ်ပိုင် ခွင့်တော့ရှိတယ်။ ဒါပေမဲ့ ဒီလို ကိစ္စအတွက်ပြဋ္ဌာန်းထားတဲ့မူ မှ မရှိတာဘဲ''ဟု ယင်းက ပြော သည်။ အခြေ အနေတစ်ခု တွင် ဆရာ တစ်ဦးကြောင့် ပြဿနာ ပိုမိုဖြစ်ပွားနေပါက ယင်းပြဿ နာကို ငြိမ်းချမ်းသွားစေရန်အ တွက် ဆရာကိုခေတ္တခဏပြောင်း ရွှေ့ထားသင့်ပါက ပြောင်းပေး ထားရမည်ဖြစ်ကြောင်း၊ အသင် အပြမကောင်းသောဆရာအား လဲလှယ် စေလို သည် ဆိုပါ က သက် ဆိုင်ရာကျောင်းအုပ်နှင့် ကျောင်း သားမိဘများက ဆွေးနွေးသင့် ကြောင်း၊ ယင်းကဲ့သို့ ကျောင်း သားမိဘများတောင်းဆိုခွင့်ရှိ သည်ဟုပြောဆိုနေခြင်းများမှာ မဖြစ်သင့်ကြောင်း အငြိမ်းစား ပညာရေး မှူး တစ်ဦးက ပြော သည်။

မအူပင်မှ ကျောင်းသားမိဘ ဦးလှမြင့်က ''ကျွန်တော်တို့ကတော့ ဒီလိုလဲလှယ်ခွင့်ရှိတယ်လို့ သိရ ပေမယ့်လဲ သင်ကြားရေးပိုင်းနဲ့ ပတ်သက်ရင်တော့ ပြောမှာမ ဟုတ်ဘူး။ ကလေးကိုတအားရိုက် တာမျိုးတို့ ခွဲခြားတာမျိုးတွေဆို ရင်တော့ သက်ဆိုင်ရာ သူတို့မြို့ နယ်ရုံးတွေမှာပဲ နောင်မဖြစ် အောင်ပဲတောင်းဆိုမှာပါ''ဟု ပြောကြားသည်။

အောင်သက်ကို 
Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here