Sunday, October 13, 2013

တရားမ၀င်ခိုးဝင်ပေါက်မှ ၀င်ရောက်လာသူအား မူယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

0 comments
Sunday, October 13, 2013

၁၂-၁၀-၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ကချင်ပြည်နယ်၊ လွယ်ဂျယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ လွယ်ဂျယ်မြို့၊ အောင်သီရိ ရပ်ကွက်၊ တရုတ်-မြန်မာ နယ်စပ်လမ်း၊ တရားမ၀င် ၀င်/ထွက်ပေါက်အနီး၌ စောင့်ဆိုင်းနေစဉ် တရုတ်နိုင်ငံ၊ လားရင်းကျေးရွာမှ လွယ်ဂျယ်သို့ တရားမ၀င်ခိုးပေါက်မှ ၀င်ရောက်လာသူ တရုတ်နိုင်ငံ၊ ကျန်းဖုန်းမြို့နယ်၊ မုန့်ယော့ရွာနေ လွေလေလတ်(၂၉)နှစ်အား မသင်္ကာ၍ ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ ရှာဖွေရာ ၀ဲဘက်ချိုင်းကြားတွင်ညှပ်ထားသောHUPAIစာတမ်းနှင့် ရေပိုက်ခေါင်းတံဆိပ်ပါ လေးထောင့်စက္ကူ

ဂျပ်ဗူးအတွင်း Love is flower စာတမ်းပါ အစိမ်းနုရောင်ဆပ်ပြာခွက်အတွင်းမှ ပလပ်စတစ် အဖြူရောင်အိတ်ဖြင့် ထုပ်ထားသည့် ဘိန်းဖြူဟုယူဆရသော အဖြူ/၀ါမှုန့် အလေးချိန် (၁၂)ဂရမ် ခန့်ပါ(၁)ခွက်၊ ကာလတန်ဘိုး(၂၄၀၀၀၀ိ/-)အား သိမ်းဆည်းရမိခဲ့သဖြင့် လွယ်ဂျယ်နယ်မြေ ရဲစခန်း မယ(ပ)၁၂/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here