Wednesday, October 2, 2013

ဧကကွက်များဝယ်ယူရာတွင်သတိထားစရာအချက်အလက်များ

0 comments
ရင်းနှီးမြုပ်နှံလိုသောကြောင့်မြို့အသီးသီးပြည်နယ်အသီးသီးမှ မြေကွက်ကျယ်များကိုဝယ်ယူကြရာတွင် (၁) ပိုင်ရှင်အမည်ပေါက်မှန်မမှန် ရပ်ကွက်အုပ်ချုပ်ရေးမူရုံး၊ မြေစာရင်းရုံးအစရှိသည်တို့တွင်စုံစမ်းရန် (၂) ရောင်းသူပြောဆိုသောမြေအမျိုးအစား နှင့်စာရွက်စာတမ်းမှန်မမှန် သေချာစွာစုံစမ်းစစ်ဆေးရန် (၃) ထိုမြေနှင့်ပါတ်သက်သောအချက်အလက်များကိုဝယ်ယူလိုသူ ကိုယ်တိုင် သေချာစွာ သိရှိနားလည်စေရန်ကြိုးပမ်းအားထုတ်သင့်သည်။ (၄) မြေအမျိုးအစားပေါ်မူတည်ပြီး အိမ်ဆောက်ခွင့်ရှိမရှိ အသုံးပြုနိုင်ခြင်းသည်လည်းမတူညီကြသဖြင့် မိမိကိုယ်တိုင်ပြင်ပတွင်သေချာအောင် စုံစမ်းလေ့လာပြီးနားလည်မှ အရောင်းအ၀ယ်ပြုလုပ်သင့်ကြပါသည်။ (၅) ယခုအချိန်တွင်ဒေသအသီးသီးတွင်ဖြစ်ပွားနေသောအမှုများတွင် ပိုင်ရှင်တစ်ဦးတည်းအမည်ပေါက်မှ အဆင့်ဆင့်ခွဲရောင်းပြီးသည်ကို မသိရှိပဲထပ်မံဝယ်ယူမိခြင်း၊ ပိုင်ရှင်အမည်ပေါက် နှစ်ဦးဖြစ်သော်လည်း အမှန်တစ်ကယ်တွင် သုံးဦးဖြစ်ခြင်း၊ လယ်မြေကို အိမ်မြေကွက်သဖွယ်စိတ်ပိုင်းရောင်းချခြင်းတို့ကြောင့် ၀ယ်ယူသူများ နစိနာဖွယ်၇ာများကြားသိရလျက်ရှိသည်။ မြေကွက်ဧ။်ကာလပေါက်ဈေးထက်အလွန်လျော့နည်းနေသောမြေကွက်များသည်လည်းသတိထားစရာတစ်ခုအပါအ၀င်ဖြစ်ပါသည်။ ထိုကဲ့သို့သောမြေကွက်များဧ။်ရာဇ၀င်ကိုလည်း သိထားနားလည်အောင်ကြိုးပမ်းရမည်ဖြစ်သည်။ (၆) အချုပ်ဆိုရပါသော် မြေကွက်ကို အမှန်တစ်ကယ်စိတ်ဝင်စားပြီးရင်းနှီးမြုပ်နှံလိုသူများသည် မိမိကိုယ်တိုင်ဆုံးဖြတ်ပြီးဝယ်ယူလိုသောမြေကွက်အကြောင်းကို online မှသာမက မိမိအစီအစဉ်ဖြင့် ဗဟုသုတပြည့်ဝအောင်လေ့လာသင့်ကြပါသည်။ online ရှိအချက်အလက်များနှင့်မြေပြင်မှအချက်အလက်များဟုတ်မဟုတ်ကိုလေ့လာစုံစမ်းနိုင်ပါလျှင် သိန်းပေါင်းများစွာဆုံးရူံးမည့်အခြေအနေမှကင်းလွတ်နိုင်မည်ဖြစ်ပါသည်။ ရှေ့နေရှေရပ်များအပြင် မိမိတို့စိတ်ဝင်စားသောသက်ဆိုင်ရာအိမ်ခြံမြေနှင့်ပါတ်သက်သောဥပဒေစာအုပ်များကိုလည်းဖတ်ရူလေ့လာသင့်ကြပါကြောင်း တိုက်တွန်းအပ်ပါသည်။ Sweet Real Estate Group page စတင်တည်ထောင်စဉ် ကတည်းက ပြည်သူလူထုအတွက် အိမ်ခြံမြေနှင့်ပါတ်သက်သောသိထားသင့်သောအကြောင်းအရာ များကို တင်ပြပေးလျက်ရှိပါသည်။ Fans များ၊ အိမ်ခြံမြေကိုစိတ်ဝင်စားသူများ၊ အကျိုးဆောင်များ နှင့် facebook မိတ်ဆွေ များ အားလုံး အရောင်းအ၀ယ်အငှား ကိစ္စအ၀၀ကို အောင်မြင်စွာဆောင်ရွက်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။

Knowledge sharing

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here