Monday, October 7, 2013

အချစ်ကြိုးများနှင့်သီသောမုန့် 

0 comments

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ချစ်မိတ်ဆွေများရှင်… ဟင်းအသစ်တွေလည်းမတင်ဖြစ်တာတော်တော်ကြာသွားပြီ…ခုရက်ပိုင်း အင်တာနက်လိုင်းတော်တော်နှေးနေတာနဲ့ ပုံတွေတင်ဖို့ အဆင်မပြေဖြစ်ခဲ့ရပါတယ်…

ဒီနေ့ တော့ စက်တင်ဘာလကို ကြိုဆိုသောအားဖြင့် ကျမလုပ်ဖြစ်တဲ့မုန့် လေးအကြောင်းကို မျှဝေပါရစေရှင်… ဒီမုန့် လေးကတော့ ကျမ သမီးလေးနဲ့ အမျိုးသားက အများကြီးအားပေးခဲ့တဲ့မုန့် လေးပါ….ဒီမုန့် ကို ကျမ ချစ်တဲ့ မိသားစုအတွက် ပိတ်ရက်မှာ အထူးအဆန်းမုန့် လေးကို စားစေချင်တာနဲ့  နံနက်စာအဖြစ် လုပ်ဖြစ်သွားပါတယ်။ ချစ်ခြင်းများနှင့်ပြည့်နှက်နေတဲ့မုန့် လေးလို့ လည်းဆိုနိုင်ပါတယ်ရှင်။ အမှန်တော့ မုန့် လေးရဲ့နာမည်က ကျမအမျိုးသားရဲ့ အိုင်ဒီယာကိုအခြေခံပြီးပေးထားတာပါ.. .အဲဒါကြောင့် ကဗျာလေးတွေချစ်မြတ်နိုးတဲ့ ကျမ က ဒီမုန့် ကို ” အချစ်ကြိုးများနှင့်သီသောမုန့် ” လို့ ပေးလိုက်မိပါတယ်။ အမှန်တော့ မုန့် ကြိုးလှိမ်လေးပါပဲရှင်.. :)
လိုအပ်သည်များ
(မုန့် ၁၂ ခု စာ)
အာလူးအကြီး ၂ လုံး (ပြုတ်ပြီး အအေးခံကာ ညက်အောင်ထောင်းထားပါ( ဂျုံနှယ်ရသက်သာစေရန် :)   )
မုန့် လုပ်သည့်ဂျုံမုန့်  2 1/2 cups (မုန့် လုပ်သည့်အခါသုံးရန် အနည်းငယ်ချန်ထားပေးရန်)
ကြက်ဥ ၁ လုံး
သကြား ထမင်းစားဇွန်း ၅ ဇွန်း
ဖရုံစေ့လေးများ အနည်းငယ် (မထည့်လည်းရပါတယ်နော် ..အိမ်မှာ လက်ကျန်လေးနဲနဲရှိတာနဲ့ ထည့်ထားပါတယ်)
မုန့် ဖုတ်ဆော်ဒါ လက်ရည်ဇွန်း တစ်ဝက်
မုန့် ကြော်ရန် ဆီ
ပြုလုပ်နည်း
ကျမနံနက်စာအတွက်လုပ်မယ်ဖြစ်တဲ့အတွက် အာလူးကို ညကတည်းက ပြုတ်ပြီး ရေခဲသစ်တာမှာ (စာလုံးပေါင်းမှားအတွက်ခွင့်လွတ်ပါ) သိမ်းထားလိုက်ပါတယ်။ နောက်နေ့ နံနက်မှာ အာလူးကို (အာလူးကက်သလိပ်လုပ်သလို)ညှက်အောင်ထောင်းပြီး ဇလုံအကြီးတစ်ခုတွင်ထည့်ထားပါ။ ပြီးလျှင် သကြား ၊ ဆော်ဒါ ၊ ကြက်ဥ ၊ ဖရုံစေ့ တို့ ထည့်ပြီး သမအောင်နှယ်လိုက်ပါတယ် ။
ဂျုံမုန့်  တစ်ခွက်စာကိုအရင် ဇကာစစ်ပြီးထည့်ကာ နှယ်ပေးပါ။ ထို့ နောက် ဂျုံမုန့် နောက်တစ်ခွက်ကိုလည်း ဇကာစစ်ပြီးထပ်ထည့်ပါတယ်။ မုန့် သားများ လက်နှင့်ကပ်နေသေးလျှင် ကျန်သောဂျုံမုန့်  1/2 cup ကို အကုန်မထည့်ဘဲ တဖြည်းဖြည်းချင်းထပ်ထည့်ပါ။ မုန့် သားလက်နှင့်မကပ်တော့လျှင်ရပါပြီ။ ထို့ နောက် မုန့် သားပိုမိုနူးညံ့စေရန် ၅ မိနစ်ခန့် ခပ်နာနာနှယ်ပေးပြီး ဂျုံဒိုးကို စွတ်စိုသောအ၀တ်စလေးနှင့် ၁၀ မိနစ်ခန့် ဖုံးထားပါ။
Image
Image
ဂျုံမုန့် အနည်းငယ်ကို မုန့် လုပ်မည့်နေရာတွင် ဖြူးပေးပါ။ဂျုံးဒိုးကို ရွယ်တူ အလုံးလေး ၃ လုံးလုပ်ပြီး ပုံပါအတိုင်း ကြိုးချောင်းလေးများလုပ်ပါ။ ပြီးလျှင် ကျစ်ဆံမြှီးလေး ကျစ်သလို ကျစ်ပြီး အစွန်း ၂ ဖက်ကို ရေအနည်းငယ်စွတ်ပြီးသေချာ ပိတ်ပေးပါ။ မုန့် လေးများမကပ်အောင် ဂျုံမုန့် လေးများဖြူးပေးပါ။
Image
ထို့ နောက် ဆီပူပူတွင် မီးပုံမှန်ဖြင့်ကြော်ပေးပါ။
Image
နှစ် ဖက်စလုံး အညိုရောင်သန်းလာလျှင် ကျမရဲ့ ” အချစ်ကြိုးများနှင့်သီသော မုန့် ” လေး ရပါပြီရှင်။  ဒီမုန့် ကို ကော်ဖီ ၊ လက်ဖက်ရည် ၊ သစ်သီးဖျော်ရည် ၊ ဒိန်ချဉ်တို့ နဲ့ တွဲပြီး သုံးဆောင်နိုင်ပါတယ်။
အားလုံးပျော်ရွှင်တဲ့ နေ့ ရက်တွေကိုသာ ပိုင်ဆိုင်နိုင်ကြပါစေ ။                        ။

http://senglikham.com/ မှ ကူးယူဖော်ပြသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here