Tuesday, October 22, 2013
အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်ခုံအားဝင်ရောက်တိုက်မိ
Categories :
22-10-2013
၁၉-၁၀-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊မိုင်တိုင်အမှတ်(၂၄၂/၃၄)ကြားတွင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ပေပင်လေး အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရမန္တလေးမှ နေပြည်တော်သို့ နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာနေ
နိုင်ဝင်း(၃၈)နှစ် မောင်းနှင်လာသော ၉က/xxxx နစ်ဆန်းပစ်ကပ်မီးခိုးပြာရောင်ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်ခုံအား တိုက်မိကာ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက် သွားခဲ့ကြောင်း တွေ့ရှိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်မှာ ရှေ့ဦးခေါင်းပိုင်း/ အမိုးကိုင်းပိန်ချိုင့်၊ တန်ဘိုးငွေကျပ်(၂)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင် မခြင် မောင်းနှင် သူ နိုင်ဝင်းအား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
Subscribe to:
Post Comments (Atom)
