Wednesday, October 23, 2013

ပြုပြင်ပြောင်းလဲရန် မေ့မထားသင့်သည့် မြန်မာ့တရားစီရင်ရေးနယ်ပယ်

0 comments
23-10-2013

ရခိုင်ပြည်နယ် တရားလွှတ်တော်တရားသူကြီး ရာထူးမှနုတ်ထွက်ခြင်း၊ ၁၉၈၉ ခုနှစ်အတွင်းက သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှု အတွက်အပြစ်ရှိ သည်ဟု စွပ်စွဲကာသေဒဏ်ပေးခြင်းတွင် ထိုစဉ်ကစစ် ထောက်လှမ်းရေး၏ လုပ်ဆောင်ချက်မဟုတ်ဟု ထောက်လှမ်းရေးအကြီးအကဲဟောင်းက ထုတ်ဖော်ပြော ဆိုသည်ဟုဆိုသော မြန်မာ့တရားစီရင်ရေးနယ်ပယ်မှ သတင်းများကိုယခုရက်ပိုင်းအတွင်း ကြားသိလာ နေရသည်။

ဤသတင်းများသည် ကောင်းသတင်းများဟု မဆိုနိုင်ပါ။ အဘယ့်ကြောင့် ဆိုသော် ရခိုင်ပြည်နယ် တရား လွှတ်တော်တရားသူကြီး ဒေါ်စီစီသည် “လာဘ်ယူ၍ အာဏာအလွဲသုံးသည်” ဟု ဖော်ထုတ်ခံခဲ့ရသူဖြစ်သည်။

ဒေါ်စီစီသည် အာဏာကိုအကာအကွယ်ပြုကာ လာဘ်ယူသည်ဟု မဇ္ဈိမက မဆိုလိုပါ။ သို့သော် ထိုသို့ ဖော်ထုတ်ခံရသူတစ်ဦး ရာထူးမှနုတ်ထွက်သွားခြင်း သည် ထူးခြားချက်တစ်ခုဟု ရှုမြင်ပါသည်။ ဒေါ်စီစီနှင့် ပတ်သက်၍ အောက်တိုဘာ ၂၂ ရက် သမ္မတရုံး၏ ထုတ်ပြန်ချက်တွင်လည်း ပုဒ်မ ၃၁၂၊ ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(က) တို့အရ ဆန္ဒအလျောက်ရာထူးမှ နုတ်ထွက် သွားခြင်းဟု ဆိုထားသည်။ မည်သို့ပင်ဆိုစေဤဖြစ်ရပ်သည် တရားစီရင်ရေးနယ်ပယ်၏ သတိပြုဖွယ် အချက်တစ်ချက်ဟုတော့ ဆိုရမည်ဖြစ်သည်။

အထက်တွင်တင်ပြခဲ့သော အခြားဖြစ်ရပ်ကို ကြည့်မည်ဆိုပါက သန်လျင်ဗုံးဖောက်ခွဲမှုအတွက် သံသယ ရှိခြင်းခံရသူ ကိုညီညီဦးကို ပြစ်ဒဏ်ပေးခြင်းအတွက်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်က သူ့အဖွဲ့က လုပ်ဆောင်ခြင်းမဟုတ်ဟု ဆိုပြန်သည်။

ဆိုခဲ့ပြီးသော ဥပမာများကြောင့် မြန်မာ့တရားစီရင်ရေးသည် သန့်ရှင်းသော တရားစီရင်ရေး၊ လွတ်လပ် သည့်တရားစီရင်ရေးဖြစ်သည်ဟု ယုံကြည်၍ မရနိုင်ပါ။ အလားတူ တရားရုံးသည် အာဏာပိုင်အဖွဲ့အစည်းများ၏ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေလွှမ်းမိုးမှု၊ ခြိမ်းခြောက်မှုများ၊ ဖိအားပေးဝင်ရောက်စွက်ဖက်မှု များကင်းဝေးပြီး ဥပဒေများအတိုင်း အတိအကျလိုက်နာဆောင်ရွက်ရန် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ရမည် ဖြစ်သည်။ တရားရုံးသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာပိုင်တို့နှင့်လွတ်ကင်းပြီး လွတ်လပ်စွာ သီးခြားရပ်တည်နိုင်မည့် တရားရုံးဖြစ်ရန်လည်း လိုအပ်ပေလိမ့်မည်။

များမြောင်လှစွာသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပြုလုပ်လာခဲ့ပြီးဖြစ်ရာ မြန်မာ့တရားစီရင်ရေး အခန်းကဏ္ဍကိုလည်း တရားရေးဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ခြင်းနှင့်အတူ ပြည်သူလူထု အားကိုးယုံကြည်ရသော တရားရုံးများဖြစ်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်ရန်လိုပါလိမ့်မည်။ သို့မဟုတ် ပါကတရားဥပဒေစိုးမိုးရေးအပေါ်တွင်လည်း မလိုလားအပ်သည့် အခြားလွှမ်းမိုးမှုများသက်ရောက်လာနိုင် သည်။


Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here