Monday, October 7, 2013

သံတွဲမြို့ အိမ်မီးရှို့မှုများ အတွက် လူ ၄၄ ဦး ဖမ်းဆီး စစ်ဆေး

0 comments

2013-10-06

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ စုစုပေါင်း ၄၄ ဦးကို သံတွဲမြို့ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဦးဝင်းမြိုင်က အခုလို ပြောပါတယ်။

" နှစ်ဖက်လုံးက ၄၄ ယောက်ကို လောလောဆယ် ဖမ်းဆီး စစ်ဆေးနေတယ်၊ ကမန်ရော ရခိုင်ရောပါပါတယ်ခင်ဗျ၊ သေဆုံးတာ ၅ ယောက်၊ အသက် ၉၀ ကျော် အဖွားကြီးတစ်ယောက်နဲ့ နောက် ၄ ယောက်ဆိုတော့ အားလုံး ၅ ယောက်၊ ဒဏ်ရာ ရတာ ၅ ယောက် အဲ့ဒါပါပဲခင်ဗျ"

ဖမ်းဆီး စစ်ဆေးနေသူတွေထဲမှာ အခင်းဖြစ်ပွားတဲ့အထဲမှာ ပါဝင်ခဲ့ကြတဲ့ ရခိုင်တိုင်းရင်းသားတွေရော ကမန်တိုင်းရင်းသားတွေပါ ပါဝင်ပြီး အမျိုးသား ၄၂ ဦးနဲ့ အမျိုးသမီး နှစ်ဦး ပါဝင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့၊ ပေါက်တော၊ သဗြုချိုင်နဲ့ ရွှေလှေကျေးရွာတွေမှာ စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းက စတင်ပြီး အောက်တိုဘာ ၁ ရက်နေ့ အထိ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့တိုက်ခိုက်မှုတွေကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့ရပြီး လူ ၄၅၀ နီးပါး ဒုက္ခသည်ဘ၀ ရောက်ရှိခဲ့ရပါတယ်။


RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here