ကျွှန်တော်တို့ တောင်ကြီးမြို့ မဈေးမှာ ဈေးကောင်းဖို့ ဈေးကိစ္စအဝဝကို တာဝန်ယူ လုပ်ဆောင်ပေးဖို့ ဈေးကော်မတီကို ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေပါပြီ။ မြို့ မဈေးကြီး ဟာဆိုရင် ကျွှန်တော်တို့ရဲ့ အိမ်ဆိုရင် မ မှားပါဘူး တနေကုန် စီးပွားရှာရင် အချိန်ကုန်ဆုံးနေတာပါ ဒါကြောင့် ဈေးကြီးကို ဂရုစိုက်ဖို့ ဈေးသူဈေးသားများပါဝင်သော ကော်မတီကို ပြန်လည်ဖွဲ့စည်းရအောင်လို့ ပြောချင်ပါတယ် ဈေးအကျိုးကို တကယ်လိုလိုလားလား လုပ်ဆောင်ပေးမယ် ဈေးသူဈေးသားများကို ဖိတ်ခေါ်ပါတယ် အခုချိန်ဆို ဈေးမှာ အခက်အခဲများစွာ ရင်ဆိုင်နေရတာပါ တခြားမြို့ တွေရဲ့  ဈေးကြီးတွေ ဒီတောင်ကြီးဈေး လောက် အခြေအနေ မဆိုးပါဘူး အခု ကျွှန်တို့ဈေးမှာ ဈေးသူဈေးသားတွေ ရပ်ဖို့ ကားပါကင်တောင်မရှိ လုံးဝ မရှိတော့ပါဘူး ဈေးဝယ်သူ တွေရပ်ဖို့ ကားရပ်ရန်နေရာ ဆိုင်ကယ်ရပ်ရန်နေရာဆို ပိုဆိုးပေါ့ ဈေးအတွင်း အန္တာရယ်တစုံတရာကျရောက်ပါက (ဥပမာ) မီးဘေးတို့ဆိုပါတော့ မီးသတ်ကားဝင်ဖို့ ဝင်ပေါက်တောင် မရှိပါ စည်ပင်ကို အားကိုးလို့ မရတဲ့ အခြေအနေပါ ဈေးထဲမှာလည်း ဈေးပတ်လမ်းပေါ် ဈေးအတက်အဆင်းလှေကား ပါမကျန် ပိတ်ဆို့ပြီး ရောင်းနေတဲ့ ပျံကျဈေးသည်တွေ အပြည့်ပါပဲ ကျွှန်တော်တို့ဟာ ဈေးထဲမှာ ဈေးလာရောင်းတာ ထိပ်ဆုံး ယာဉ်ရပ်နားခွန်ဆောင် ရပါတယ် နောက် ဆိုင်ခွန်ဆောင်ရပါတယ် ဈေးသန့်ရှင်းဖို့ သန့်ရှင်းရေးကြေးပေးရပါတယ် အမြတ်ခွန် ကုန်သွယ်ခွန် အိမ်သာတက်ရင် တောင်ပိုက်ဆံပေး အခွန်ဆောင်ရပါတယ် အိမ်သာခွန်ထဲမှာ ဈေးအကြီးဆုံးပဲ တခြားမြို့ ဈေးတွေမှာ ၂၀ ကျပ်ပါပေးရတယ် ဒီမှာက ၅၀ကျပ် သန့်ရှင်းတာကတော့ အတူတူပဲ လက်ဆေးဖို့နေရာတောင် မလုပ်ထားပေးဘူး ကျွှန်တော်တို့ဆိုင်ရှေ့မှာ ပိတ်ခင်းတဲ့ဆိုင်ကို လမ်းလေးနဲနဲပေးဖို့ တောင်းကြည့်ပါလား ဓါးကျိန်တောင် ကျိန်သွားအုံးမယ် ဈေးခေါင်းရုံးကို ဖြေရှင်းခိုင်းရင်လည်း အလကားပဲ ဘာမှမထူးပါဘူး အခုဆို ဈေးထဲမှာ လာပြီး ဆိုင်ခွန်လည်းဆောင်ရ အခွန်အမျိုးမျိုးပေးပြီး ဈေးသူဈေးသားတွေပဲ နစ်နာနေတာပါ။ ဈေးထဲမှာ ဘာပဲလုပ်လုပ် ဈေးသူဈေးသားတွေ မသိပဲ စည်ပင်က လုပ်ဆောင်သွားတဲ့ကိစ္စတွေအများကြီးပါ။ မြင်သာအောင်ပြောရရင် အခု ညဈေး ယာယီကိစ္စပဲကြည့် တစ်ဈေးလုံးအတွက် ကျန်တဲ့ ကားရပ်နားရန်နေရာလေးတောင် အလွတ်မပေးတော့ဘူး ဘယ့်လောက်ဒုက္ခရောက်ကြသလဲ ကျွှန်တော်တို့ကိုယ်တွေ့ပါ ဈေးခေါင်းရုံးကိုသွားပြောတော့ သူတို့မသိပါဘူး သူတို့နဲ့ မဆိုင်ပါဘူးတဲ့ အထက်က လုပ်လို့ပါတဲ့ ဒီလို့လုပ် လိုက်ရင် ဈေးအတွက်လမ်းတွေပိုပိတ်သွားမယ် ကား ဆိုင်ကယ်တွေ ရပ်ဖို့နေရာမရှိတော့ဘူးဆို မစဉ်းစားမိကြဘူးလာမသိပါဘူး အခုမှ အထဲလည်းပိတ် အပြင်လည်းပိတ်နေတော့တာပဲ ဒါကို မလုပ်သင့်ဘူးလို့မြင်ပါတယ် ဒီအခက်အခဲတွေကို ဈေးနဲ့အနီးဆုံး ဈေးတာဝန်ခံရုံးက သိရမှာပါ။ အခုဆို ကားရပ်ဖို့ခက်ခဲ ဆိုင်ကယ်နဲ့လာလည်း ရပ်စရာနေရာမရှိတော့ ဝယ်သူတွေနည်းပြီး လက်လီရောင်းတဲ့ဆိုင်တွေ အရောင်းပါးလာကြပါတယ် လွယ်ကူတဲ့ အပြင်ဆိုင်တွေမှာပဲ ဝယ်ကြတော့မယ်လေ။ဒီအတွက် ဘာမှ မလုပ်ပေးတဲ့ ဈေးခေါင်းတွေကို အားကိုးမဲ့အစား ကိုယ့်ဈေးသူဈေးသား တွေ အကျိုး ပြန်ကြည့် လုပ်ဆောင်ပေးမဲ့ ကော်မတီတရပ်ကို ကျွှန်တော်တို့ ဈေးသူဈေးသားများကိုယ့်တိုင် ပြန်လည်ဖွဲ့စည်းသင့်ပါတယ်လို့ အကြံပြုချင်ပါတယ် တောင်းဆိုပါတယ်
တောင်ကြီးသား