Thursday, October 31, 2013

ပြင်ဦးလွင်-မိုးကုတ်လမ်းတွင် ဆိုင်ကယ်စီးနင်းလာသည့် လူတစ်ဦးအား စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0 comments
31.10.2013

ပြင်ဦးလွင်-မိုးကုတ်လမ်းတွင် အောက်တိုဘာ ၂၉ ရက်က ဆိုင်ကယ်စီးနင်းလာသည့် လူတစ်ဦးအား စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းနေ့ ည ၇ နာရီက ပြင်ဦးလွင်မြို့၊ အာဆီယံ စက်ပစ်ကွင်းလုံခြုံရေးအတွက် ဖွင့်လှစ်ထား သည့် ပြင်ဦးလွင်- မိုးကုတ်လမ်း သစ်တောနှင့်ယာဉ်စစ်ဆေးရေးဂိတ်တွင် မူးယစ်တပ်ဖွဲ့နှင့် မြို့နယ် ရဲစခန်း(ပြင်ဦးလွင်)မှ တာဝန်ရှိသူများသည် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား ရှာဖွေစဉ် မိုးကုတ်ဘက်မှ ပြင်ဦးလွင်ဘက်သို့ နံပါတ်မပါ NewAnbo -125 ဆိုင်ကယ်စီးနင်းလာသူ အိုက်မွန်း (ခ)စံမွန်း ၃၄ နှစ် တောင်သူအား ရပ်တန့်စစ်ဆေးရာ ၈၈ နှင့် ၁ စာတမ်းပါ နီညိုရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၄၉ ပြား(အလေးချိန် ၄ ဒသမ ၉ ဂရမ်နှင့် နံပါတ်ပါ လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်စစ်ဆေးရာ ဖမ်းဆီးရမိသည့် ဆေးပြားများအား နောင်ချိုမြို့နယ်၊ ဟိုခိုဈေးတွင် စုံစမ်းဆဲဆိုသူ ထံမှ ပြန်လည်ရောင်းချရန် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး အိုက်မွန်း(ခ)စံမွန်းနှင့် စုံစမ်းဆဲဆိုသူတို့အား မြို့မရဲစခန်း (ပြင်ဦးလွင်)မှ မယ (ပ)၂၂/၂၀၁၃ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀ (က) /၂၁ အရ အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here