Tuesday, October 1, 2013

ကမ္ဘာ့ အကောင်းဆုံး ဟိုတယ် ၁၀၀ စာရင်း တွင် မြန်မာ နိုင်ငံ က ဟိုတယ် တစ်ခု ပထမဆုံး အကြိမ် ရွေးချယ် ခံရ

0 comments
1.10.2013

ကမ္ဘာပေါ် ရှိ အကောင်းဆုံး ဟိုတယ် လမ်းညွှန်မှု လုပ်ငန်း နှင့် ခရီးသွား အေဂျင်စီ ကြီး တစ်ခု ဖြ စ်သော Fodor’s က ၂၀၁၃ ခုနှစ် အတွက် အကောင်းဆုံး ဟိုတယ် ၁၀၀ ဆု စာရင်း ရွေးချယ် ထု တ်ပြန် ရာ တွင် မြန်မာ နိုင်ငံမှ ဟိုတယ် တစ်ခု ပထမဆုံး အကြိမ် ပါဝင် လာခဲ့ ကြောင်း ၂၇ - ၉ - ၂၀၁၃ ရက် က သတင်း ရရှိသည်။ Fodor’s သည် လမ်းညွှန် မှု လုပ်ကိုင် ရာ တွင် နှစ်ပေါင်း ၇၇ နှစ် ရှိခဲ့ပြီ ဖြစ်ပြီး ၎င်း ၏ လမ်းညွှန်မှု မှာ မှားယွင်းမှု လုံးဝ မရှိခဲ့ဘဲ ခရီးသွားများ ၏ စိတ် ကျေနပ်မှု ကို ရစေ ခဲ့သည့် အေဂျင်စီ ကြီး တစ်ခု ဖြစ်ကြောင်း လည်း သိရသည်။

Fodor’s က ရွေးချယ် သည့် ဟိုတယ် ၁၀၀ စာရင်း အတွက် နိုင်ငံပေါင်း ၄၃ နိုင်ငံ မှ ဟိုတယ်များ ကို အမျိုးအစား ရှစ်မျိုး ခွဲပြီး အကောင်းဆုံး သတ်မှတ် ပေးခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။ “Fodor’s ၁၀၀ စာရင်း အတွက် ရွေးချယ်မှု တွေ လုပ်တဲ့ နေရာမှာ အလားအလာ အကောင်းဆုံး ဟိုတယ် တွေနဲ့ ဝန်ဆောင်မှု စိတ် ကျေနပ် စေတဲ့ အချက်တွေ အဲဒီ နေရာကို ရောက်သွား သူတွေ ရဲ့ မှတ်ချက် တွေနဲ့ ရွေးချယ် တာ ဖြစ်ပါ တယ်” ဟု Fodor’s မှ မစ္စတာ Arabella Bowen က ရှင်းပြ သည်။

Fodar’s ၁၀၀ စာရင်း တွင် မြန်မာနိုင်ငံ မှ ကိုလံဘီယာ နိုင်ငံ နှင့် အတူ ပထမဆုံး အကြိမ် ပါဝင်လာ ခဲ့ခြင်း ဖြစ်ပြီး ရွေးချယ် ခံရမှုတွင် အေးချမ်း ဆိတ်ငြိမ်မှု ရှိပြီး နှစ်လိုဖွယ် ကောင်းသော နေရာများ အဖြစ် အမေရိကန် နှင့် ဂရိမှ ဟိုတယ်များ နည်းတူ ရွေးချယ် ခံခဲ့ ရခြင်း ဖြစ်သည်ဟု သိရသည်။ Fodor’s က ရွေးချယ် သော မြန်မာ နိုင်ငံမှ ဟိုတယ် မှာ ဒဂုံ မြို့နယ် ရှိ Governor’s Residance ဖြစ် ပြီး အိမ်နီးချင်း ထိုင်း နိုင်ငံ သည်လည်း ရွေးချယ်ခံ ထားရသည် ဟု သိရသည်။

Fodor’s သည် ကမ္ဘာ့ နိုင်ငံ တစ်ဝန်း ရှိ နာမည်ကြီး ခရီးစဉ် ပေါင်း ၇၅၀၀ ကျော် ကို ပို့ဆောင် ပေး ထား နိုင်သော အေဂျင်စီ တစ်ခု ဖြစ်ကာ ယခု ကဲ့သို့ ရွေးချယ်မှု မှာ လည်း ကမ္ဘာပေါ် ရှိ အဆင့်မြင့် အကောင်းဆုံး ဟိုတယ် ပေါင်း ၁၇၀၀၀ ကျော် ထဲမှ အကောင်းဆုံး ၁၀၀ ကို သာ ရွေးချယ် ခဲ့ခြင်း ဖြ စ်ကြောင်း သိရသည်။

ပြည်မြန်မာ ဂျာနယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here