Thursday, October 10, 2013

ဧရာဝတီမြစ်အထက် ရေကာတာခုနစ်ခုဆောက်ခြင်းသည် တိုင်းပြည်အတွက် မလိုအပ်သော စီမံကိန်းဖြစ်

0 comments

Thursday, October 10, 2013

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသော်လည်း ဧရာဝတီမြစ် အထက်ပိုင်း၌ ရေကာတာများ ထပ်မံဆောက် လုပ်နေပြီးရေကာတာ ခုနှစ်ခုလုံး ဆောက်လုပ်ခြင်းသည် တိုင်းပြည်အတွက် မလိုအပ်သော စီမံကိန်း ဖြစ်ကြောင်း သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က People Power သတင်းစာသို့ပြောကြားသည်။

“ခုနှစ်ခုလုံး ဆောက်ကာတိုင်းပြည်အတွက် မလိုအပ်ဘူး။
ခုနစ်ခုဆိုရင် လျှပ်စစ်ပမာဏက တိုင်းပြည်မှာ လိုတာထက် အဆပေါင်းများစွာ ပိုနေတယ်။ တိုင်းပြည်အတွက်ဆိုတာထက် အဓိက ရောင်းစားဖို့ ဖြစ်နေတယ်။ တိုင်းပြည်လိုအပ်ရင်နှစ်ခုလောက်ထိ လုပ်နိုင်တယ်။ ခုကျတော့ တိုင်းပြည်ရဲ့
အချုပ် အခြာအာဏာကို ထိပါသလိုဖြစ်နေတယ်”ဟု ၎င်းကပြောကြားသည်။

လေ့လာတွေ့ရှိထားသော စစ်တမ်းများအရ နိုင်ငံ၌ ရေကာတာ ခုနစ်ခုဆောက်လုပ်ပြီးပါက မဂ္ဂါဝပ်တစ်သောင်းကျော်အထိ ရရှိမည် ဖြစ် ကြောင်း၊ လိုအပ်သည်ထက် အဆများစွာပိုနေ၍ စီးပွားရေအရ ရောင်း စားဖို့ ဖြစ်နေကြောင်း သိရသည်။

မြစ်ဆုံရေကာတာကို တရုတ် CPI မှ ၂၀၁၅ သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းပြီးနောက် ပြန်လည်လုပ်ကိုင်မည်ဟူ၍ ကချင်မြစ်ဆုံအရေး လှုပ်ရှား သူ ဒေါ်ခွန်ဂျာက ပြောကြားထားသည်။

ယခင်မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍လည်း “သတင်းထွေ ဘယ်လိုပဲထွက် ထွက်၊ တကယ် ပြန်လုပ်မယ်ဆိုရင် ကချင်သာမကဘူး၊ တစ်တိုင်း ပြည်လုံး ညီညီညွတ်ညွတ်နဲ့ ကန့်ကွက်သွားကြမှာ ပါပဲ။ အခုဆိုရင် ရန်ကုန်တောင် ရေကြီးနေပြီ။ ဧရာဝတီပျက်ရင် တစ်နိုင်ငံလုံး ပျက်မှာပါ”ဟု မြစ်ဆုံ အရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောကြားသည်။

“ကိုယ့်နိုင်ငံထဲကို ၀င်လာမယ့် Inverstor ရင်းနှီးမြှုပ်နှံသူတွေကို ကမ္ဘာဘဏ်က သတ်မှတ်ပေးထားတဲ့ အရည်အချင်းတွေရှိတယ်။ တရုတ် CPI မှာ အဲ့ဒီလို အရည်အချင်းမျိုးတွေ ရှိလာဆိုတာ သေချာလေ့ လာရမှာပေါ့။ အနာဂတ်မျိုးဆက်နဲ့ ဖွံ့ဖြိုးမှုအတွက် လိုအပ်သလောက်ပဲ ထုတ်ယူ
သင့်တယ်”ဟု ဦးဝင်းမျိုးသူ ECODEV Ltd ကပြောကြားသည်။

ရေးသားသူ - မောင်ထက်

People power(ညနေခင်းသတင်းစာ)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here