Tuesday, October 1, 2013

`နောက်ဆုံးရဘောလုံးသတင်းများ´

0 comments


-ချဲလ်ဆီးကွင်းလယ်လူဟာဇက်ဒ်သည် စပါးအသင်းနှင့်ပွဲစဉ်တွင်ရရှိခဲ့သော ဒဏ်ရာပြဿနာကြောင့် စတူအာဘူခါရက်အသင်းနှင့်ကစားမည့်ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်အား လွဲချော်မည်ဖြစ်သည်။

-တူရကီထိပ်သီးကလပ်ဂါလာတာစာရေး အသင်းသည်အင်တာမီလန်နှင့်မန် စီးတီးနည်းပြဟောင်း မန်စီနီ အားနည်းပြ သစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်သည်။

-အေစီမီလန်တိုက်စစ်မှူးအယ်ရှာရာဝီသည်ဒဏ်ရာပြဿနာကြောင့်အေဂျက်ဇ်အသင်းနှင့်ချန်ပီယံလိဂ်
အဝေးကွင်းပွဲစဉ်အားလွဲချော်တော့မည်ဖြစ်သည်။

-ဆန်းဒါးလန်းအသင်းမှကစားသမား များသည်လစ်လပ်နေသောအသင်းနည်းပြရာထူးအတွက်ဗြိတိန်လူမျိုး
နည်းပြတစ်ဦးဦးကိုသာခန့်အပ်စေလိုကြောင်းသိရသည်။

-နာပိုလီနည်းပြဘင်နီတက်ဇ်ကအာဆင်နယ်နည်းပြအာဆင်ဝင်းဂါးမှာပရီးမီးယားလိဂ်၏အကောင်းဆုံးနည်းပြဖြစ်ကြောင်း(အာဆင်နယ်Vsနာပိုလီ)ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီချီးကျူး ပြောကြားလိုက်ပြီးအာဆင်နယ်
ည်းပြ အာဆင်ဝင်းဂါးကမူနာပိုလီအားအိမ်ကွင်း ပွဲစဉ်တွင်အနိုင်ရရှိခဲ့ပါက ချန်ပီယံ လိဂ် သေမင်းတမန် အုပ်စုမှသေချာပေါက်လွတ်မြောက်မည်ဖြစ်၍အနိုင်ကစားရန်အသင်းသားမျာားး တိုက်တွန်းခဲ့သည်။

-ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည်ဒဏ်ရာပြဿနာကြောင့်ရက်သတ္တပတ်(၃)ပတ်ခန့်အနားယူရမည်ဖြစ်ရာ
ဆဲလ်တစ်အသင်းနှင့်ချန်ပီယံလိဂ် ပွဲစဉ်အားသေချာပေါက်လွဲချော်မည်။

-မန်ယူအသင်းတွင်ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသောဂျပန်ကွင်းလယ်လူရှင်ဂျီကာဂါဝါသည် လာမည့် ဇန်န၀ါရီကာလတွင် အသင်းဟောင်းဒေါ့မွန်သို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဟုသတင်းများ ထွက်ပေါ်နေ သည်။

-အာဆင်နယ်အသင်းသည်လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင်လေဗာကူဆင်ကွင်းလယ်လူ
လားစ်ဘန်ဒါအားခေါ်ယူရန်ကြိုးပမ်းသွားမည်ဖြစ်သည်။

-၂၀၁၃နေပြည်တော်ဆီးဂိမ်းအတွက်ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများပြုလုပ်နေသောမြန်မာယူ-၂၃ အသင်းသည် လာမည့်အောက်တိုဘာလ(၁၃၊၁၅)ရက်များတွင်ဗီယက်နမ်ယူ-၂၃
အသင်းနှင့် ရန်ကုန်မြို့ရှိသုဝဏ္ဏကွင်း၌ခြေစမ်းပွဲ(၂)ပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။မြန်မာယူ-၂၃
အသင်းနှင့် ဗီယက်နမ်ယူ-၂၃အသင်းတို့သည်ပြီးခဲ့သောဇွန်လကနောက်ဆုံးတွေ့ဆုံထားခဲ့ပြီး ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်း မြို့တွင်ကစားခဲ့သောအဆိုပါပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်ယူ-၂၃အသင်းက၂-၀ ဖြင့် အနိုင်ရရှိ ထားခဲ့သည်။

ref:BBC၊EMG၊MFF

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here