30.10.2013
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်( မိုင်းရှူး - တောင်ကြီး လမ်းမပေါ်) ၌ ဓါးပြတိုက်မှု သုံးရက် ဆက်တိုက်ဖြစ်ပွား ခဲ့ကြောင်း ဒေသခံ များပြောပြချက်အရသိရပါသည်။
အောက်တိုဘာ ၂၆ - ၂၈ ရက်နေ့အထိ တောင်ကြီး - မိုင်းရှူး လမ်းမပေါ်ဟဲဆိုင်ရွာနှင့် ဟန်နားကျေး ရွာကြား အက်စ်ကွေ့ ခေါ် နေရာ၌ဓါးပြသုံးယောက်ကတူမီးသေနတ်ကိုင်ကာ နေ့စဉ်ဓါးပြတိုက်နေကြောင်း ၊ဗင်ကားများ၊ဘီအဲမ်ကားများ၊ဖိုးဝှီးဟိုင်းလက်ကားများအားဟန့်တား၍ဓါးပြတိုက်ခဲ့ကြောင်း၊ နေ့စဉ်ပိုက်ဆံ
ကျပ်သိန်းချီနှင့် ရွှေဆွဲကြိုးများ၊လက်စွပ်များ ဓါးပြတိုက်ခံကြောင်း ဒေသခံခရီး သွားများက ပြောပြသည်။
အောက်တိုဘာ ၂၇ ရက် ညနေ ၄ နာရီ ခွဲခန့် ဓါးပြတိုက်ခံရသည့် မိုင်းရှူးဒေသခံ တဦးကလည်း ဓါးပြများသည် ကားပေါ် ရှိစား သောက် ဖွယ်ရာများပင်ယူဆောင်သွား ကြောင်း၊ ၎င်းတို့ဖိုးဝှီးကားပေါ် ပါရှိသူများ ကျပ်ငွေရှစ်သိန်းကျော်နှင့်အတူ (ရွှေဆွဲကြိုး နှစ်ကုံး၊ ပတ္တမြား ဆွဲတီးတလုံး၊ ဆွဲပြားတခု၊ လက်စွပ် တကွင်း) ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိသည့် လက်ဝတ် ရတနာများလည်းပါသွား ကြောင်းပြော သည်။
“ကျနော်ကလေးကို ကျောင်းသွားပို့ပြီး ပြန်လာတာ။ ပိုက်ဆံမ ကျန်တော့ လို့ သောင်းဂဏန်းလောက်ပဲ ပါသွားတာ။အဲဒီဓါးပြကခြုံထဲ မှာတော့ ရှိသေးလားမသိဘူး၊ လမ်းပေါ်မှာတော့ သုံးယောက်ဘဲတွေ့တယ်။ တူမီးသေနတ်တွေနဲ့ဘဲ။ နှစ်လုံးပြူး တူမီးသေနတ် အမျိုးအစားလဲပါတယ်။” - မိုင်းရှူးမြို့ခံ စိုင်းအေး က ပြောသည်။
ထို့အတူ ကျေးသီးခရီးသည် လဲချားဒေသခံ နန်းမြဆိုသူကလည်း - ဓါးပြတိုက်ခံရပြီးနောက် လမ်းပြင်ကားအပြာစီးနင်းလိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင် ၈-၉ ဦးခန့်တွေ့ဆုံကြောင်း၊ အက်စ်ကွေ့တွင် ဓါးပြတိုက် မှုဖြစ်နေ သည့်အကြောင်း ပြောပြရာတွင် ရဲများကခရီးမဆက်တော့ ဘဲ နောက်ကြောင်းပြန် လှည့် သွားကြောင်း - ပြောသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ ရှိ နာမည်ကြီး အက်စ် (S) ကွေ့ တွင် ဓါးပြတိုက် မှု မကြာခဏ ဖြစ်ပွါးခဲ့ပါသည်။ ယမန်နှစ် ကလည်း မြန်မာ စစ်ကြောင်းနှင့် ဓါးပြအဖွဲ့တိုးမိသောကြောင့် ရင်ဆိုင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမြန်မာစစ်အရာရှိ တဦးသေ ဆုံးပြီး ရဲဘော်တဦး ဒဏ်ရာ ရှိခဲ့ဖူးပါသည်။
ဓါးပြတိုက်မှု မကြာခဏ ဖြစ်ပွားတတ်သည့်အက်စ်ကွေ့ သည် ကျေးသီး အခြေစိုက် ခလရ ၉ နှင့် နီးသကဲ့သို့မိုင်းနောင်မြို့နယ်ခွဲ အခြေ စိုက် အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲ မှု ဌာနချုပ် နှင့်လည်း ၁၀ မိုင်ခန့်သာဝေးေ ကြာင်းဒေသခံများကပြောသည်။
သျှမ်းသံတော်ဆင့်
Wednesday, October 30, 2013
Subscribe to:
Post Comments (Atom)