Monday, October 7, 2013

တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ မူးယစ်ဆေးဝါး သယ်ဆောင်သူဖမ်းမိ

0 comments

7.10.2013

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများပပျောက်ရေးအတွက် စီးမံချက်ချမှတ် အကောင်အထည် ဖေါ်ဆောင်ရွက်လျက်ရှိရာ ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက် မှုကြောင့် နေ့စဉ် မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိလျက်ရှိရာ ၅.၁၀.၂၀၁၃ ရက်နေ့ ၁၈၃၀ အချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် မူဆယ်မူးယစ်(အထူး) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တီးမကျေးရွာဘက်မှ နမ့်အွန်ကျေးရွာ ဘက်သို့ မူးယစ် ဆေးဝါး များ သယ်ဆောင်လာကြောင်း သတင်းအရ စောင့်ဆိုင်း နေစဉ် ကျော့မင်လျန်၊ ၁၉နှစ် မောင်းနှင်သော XGJAO-125 အနက်ရောင် ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခွကြားအတွင်း အမဲရောင် ကြွတ်ကြွတ်အိတ်ဖြင့် ထည့်လျက် ရောင်စုံဆပ်ပြာခွက် များအတွင်း ဘိန်းဖြူ ဟုယူဆရသော အဖြူမှုန့် (၁ ခွက်လျင် ၁၂ ဂရမ်စီ) ၁၁ ခွက်စီပါ အထုတ်ကြီး ၄ ထုတ်၊ စုစုပေါင်း ဆပ်ပြာခွက် ၄၄ ခွက် ၊ အလေးချိန် ၅၂၈ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၁၀၅၆၀၀၀ နှင့် အမဲရောင် ကြွတ်ကြွတ်အိတ်အတွင်း အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်လျက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁ ထုပ်လျှင် ၁၉၈ ပြားစီ ၁၀ ထုတ်ပါ အထုတ်ကြီး ၁၀ ထုတ်၊(စုစုပေါင်းဆေးပြား ၁၉၈၀၀ပြား) တန်ဖိုးငွေကျပ် ၃၉၆၀၀၀၀၀ တို့အား တွေ့ရှိ၍ မူဆယ်ရဲစခန်း မယ(ပ)၁၀၁/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

All Shan  State

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here