Sunday, October 20, 2013

ထားဝယ်ရိုးရာ သပိတ်မျှောဖွင့်ပွဲကျင်းပ

0 comments

Sunday, October 20, 2013

ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာတို့၏ ရိုးရာအစဉ်အလာမပျက် ထိန်းသိမ်းလာ ခဲ့သည့် ထားဝယ်ဒေသ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ထားဝယ်ရိုးရာသပိတ်မျှောဖွင့်ပွဲကို အောက်တိုဘာ ၁၉ ရက် အရုဏ်တက်ချိန် နံနက် ၂ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဒေါင်းငူတံငါရပ် ထားဝယ်မြစ်ကမ်း၌ ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေ သကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူ များက ထားဝယ်ရိုးရာသပိတ်မျှောပွဲကို ကိုယ်တိုင်ပါဝင်ကုသိုလ်ပြုကြသည်။ အဆိုပါ သပိတ်မျှော ပွဲသည် နှစ် စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပလေ့ရှိပြီး သပိတ်မျှောအိုးကြီး၊ သပိတ်မျှော အိုး ငယ်များဖြင့် ဒေသခံပြည်သူများ ညလုံးပေါက်လာရောက်၍ သပိတ်မျှော ကုသိုလ် ယူကြပြီး နံနက် ၁ နာရီမှစ၍ နံနက် ၅ နာရီအထိ ပြည်သူများ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြောင်း သိရသည်။

(ကျော်ကျော်လတ်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here