လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွင်တရားဝင်ပါတီဝင်အဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက
ဦးမိုးသီးဇွန်က''ကျွန်တော် အခု မြန်မာနိုင်ငံသားပြန် လျှောက်နေပါပြီ။ ရပြီဆိုရင် အ ချိန်ပြည့်ပါတီဝင် အနေနဲ့ လုပ် နိုင်မယ်။ လောလောဆယ်ပါတီ အကြံပေးအဖြစ် လုပ်နေပါတယ်။ ပါတီမှတ်ပုံတင် ကျပြီဆိုတာနဲ့ အမေရိကန်နိုင်ငံသားကို စွန့်လွှတ် ပြီး ဒီနိုင်ငံသားခံပြီး ပါတီအလုပ် တွေ ဆက်လုပ်မယ်။ ကျွန်တော် ဒီနိုင်ငံမှာမွေးတာ အထောက်အ ထားတွေ အခုထိရှိပါသေးတယ်'' ဟုပြောသည်။
လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော် က ''ကျွန်တော်တို့ မကြာခင် ပါတီညီလာခံပြန်လုပ်ပါမယ်။ အဲဒီ့အချိန်ကျရင် ကိုမိုးသီးပြန် ပါမယ်လို့ ယုံကြည်တယ်။ အရင် ဆုံးမှတ်ပုံတင်ပြီး တရားဝင်ပါတီ အဖြစ်ရပ်တည်ဖို့လိုတယ်။ နောက် ပြီး ပါတီတည်ဆောက်ရေးလုပ် ငန်းတွေလဲ လုပ်ရဦးမယ်''ဟု ပါတီ တွင် ဦးမိုးသီးဇွန်ပြန်လည်ပါဝင် လာမှုနှင့်ပတ်သက်၍ ရန်ကုန် တိုင်းမ်သတင်းစာ၏မေးမြန်းမှု ကိုပြောသည်။
ဦးမိုးသီးဇွန်သည် ၁၉၈၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အတွင်း ရေးမှူး အဖြစ် ဆောင်ရွက်နေ ရာမှ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီကို ၁၉၈၈ခုနှစ်အောက်တို ဘာ ၁၄ရက် တွင် ဦးဆောင် တည်ထောင်ခဲ့ပြီး တရား ဝင်နိုင် ငံရေးပါတီအဖြစ် ရပ်တည်ခဲ့ သည်။ ယင်းနောက်ပါတီ အဖြစ် သုံးနှစ်သာ ရပ်တည်ခဲ့ရပြီး စစ် အစိုးရ၏ ဒီမိုကရေစီအင်အား စုများကို နှိပ်ကွပ်ခဲ့စဉ် ၁၉၉၁ခု နှစ်တွင် ပါတီမှာလည်း ထိုင်းနိုင် ငံသို့ ပြောင်းရွှေ့အခြေစိုက်ရပ်တည် ခဲ့ကာ ယင်းကိုယ်တိုင် မှာလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး(ABSDF))သ
ယင်းမှတစ်ဆင့် အမေရိကန် နိုင်ငံသို့ရောက်ရှိခဲ့ပြီး ယင်းနိုင်ငံ သားအဖြစ်ခံယူကာ အစိုးရသစ် လက်ထက် တွင် ပြည်တွင်းသို့ပြန် လာ၍ ဒီမိုကရေစီအင်အားစု များနှင့်တွေ့ဆုံဆွေးနွေးမှုမျာ
ကောင်းမြတ်ကျော်
Yangon Media Group