Sunday, October 20, 2013

ဖုန်းဆိုင်မှ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းများ ခိုးယူသူများကို ဖော်ထုတ်ဖမ်းဆီး

0 comments

Sunday, October 20, 2013

၁၁.၁၀.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် လှိုင်သာယာမြို့နယ်၊ (၃)ရပ်ကွက်၊ပီမိုးနင်းလမ်းနေ ဦးမြင့်ဆွေ သည် အိပ်ယာမှနိုးစဉ် နေအိမ်နှင့်တွဲလျက်ဖွင့်ထားသော ခေတ်ဆန်းဖုန်းဆိုင် တံခါးမှာပွင့်နေ၍ ဆိုင်အတွင်း စစ်ဆေးရာဟန်းဆက်မျိုးစုံ(၃၇)လုံး၊ ပြုပြင်ရန်အပ်ထားသည့် ဟန်းဆက်(၉)လုံး၊
ဖုန်းဘက္ထရီမျိုးစုံ(၃၁)လုံး၊ ဖုန်းအိတ်မျိုးစုံ(၈)လုံး၊ ဆင်းကဒ်(၁)ခု၊ ကီးပက်(၂)ခု နှင့်ငွေကျပ်(၁၂၀၀၀)၊ စုစုပေါင်းတန်ဖိုး(၂၉၃၇၀၀၀)ကျပ်မှာ ပျောက်ဆုံးနေကြောင်းတွေ့ရသဖြင့် ခိုးယူသူကိုအရေးယူပေးရန် တိုင်တန်းမှုအားလှိုင်သာယာမြို့မရဲစခန်း(ပ)၁၁၇၀/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေး
ယူဆောင်ရွက် ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် အမှုမှတရားခံဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၂.၁၀.၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန်လှိုင်သာယာမြို့နယ်၊ညောင်တုန်းလမ်းတွင် စိုင်းကို(ဘ)ဦးမြင့်ဝင်း၊ လှိုင်သာယာမြို့ နယ်နေသူအား၏ ဟန်းဆက်(၁)လုံးဖြင့်လည်းကောင်း၊၁၄.၁၀.၂၀၁၃ ရက်နေ့၁၆၀၀ အချိန် လှိုင်သာယာ မြို့နယ်၊(၈)ရပ်ကွက်တွင်ဖြိုးမောင်မောင်(ဘ)ဦးသန်းဇော်ဦး၊လှိုင်သာယာမြို့နယ် နေသူအားဟန်းဆက်(၂) လုံးဖြင့်လည်းကောင်း၊ပန်းဘဲတန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ၁၂.၁၀.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းအတွင်းဟန်းဆက်များလိုက်လံရောင်းချနေသည့်ဝေယံ၊ (ဘ)ဦးတင်ထွန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊စုပုံချစ်(ခ)ပြည့်ဖြိုးအောင်၊ (ဘ)ဦးလှတင်၊ ထန်းတပင်မြို့နယ်၊ သီဟဇော်(ခ)စိုးသီဟ(ဘ)ဦးမောင်သက်၊ လှိုင်သာယာမြို့နယ်၊ အောင်နိုင်စိုး (ဘ)ဦးခင်စိုး၊လှိုင်သာယာမြို့နယ်နှင့် ဇော်လတ်(ဘ)ဦးမောင်လတ်၊ဆိပ်ကြီးခနောင်တိုမြို့နယ်နေသူတို့(၅)ဦးအားလည်းကောင်း၊ စုစုပေါင်း(၇)ဦးအား ဖမ်းဆီးရမိစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ၎င်းတို့(၇)ဦးသည်၁၁.၁၀.၂၀၁၃ရက်နေ့၀၂၀၀အချိန်ခန့်တွင်လှိုင်သာယာမြို့နယ်

၊(၃)ရပ်ကွက်၊ပီမိုးနင်းလမ်းရှိခေတ်ဆန်းဖုန်းဆိုင်အနီးသို့သွားရောက်ကာစိုင်းကို၊ပြည့်ဖြိုးအောင်၊သီဟဇော်
(ခ)စိုးသီဟ၊ ဇော်လတ်၊ အောင်နိုင်စိုးတို့(၅)ဦးသည်ဆိုင်ပတ်ဝန်းကျင်တွင်လူကြည့်ပေးခဲ့ကြပြီး
ဖြိုးမောင်မောင်နှင့် ဝေယံတို့(၂)ဦးသည်ဆိုင်တံခါးမကြီးအားတွန်းဟ၍ အတွင်းဂျက်များ ဖွင့်ကာဝင်ရောက်ပြီး ဟန်းဆက်များ၊ ဖုန်းဘက္ထရီများ၊ ဖုန်းအိတ်များ၊MP3၊ဆင်းကဒ်နှင့် ငွေ(၁၂၀၀၀)ကျပ် တို့အားခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့်သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းအရေးယူ
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here