Thursday, October 17, 2013

အောင်မင်္ဂလာအဝေးပြေးနှင့် ဘုရင့်နောင်ပွဲရုံဝင်းတွင် လုံခြုံရေး တိုးမြှင့်ထားသော်လည်း ညပျော်နေ ရာများကြောင့် ဒေသခံများစိုးရိမ်နေ

0 comments

Thursday, October 17, 2013

နေ ရာအနှံ့ဗုံးပေါက်ကွဲမှု များကြောင့် အောင်မင်္ဂလာအဝေးပြေးနှင့် ဘုရင့်နောင်ပွဲရုံဝင်းများတွင် လုံခြုံရေးတိုးမြှင့်လုပ်ဆောင်မှုများရှိ နေသော်လည်း ညပျော်နေရာ များကြောင့် စိုးရိမ်မှုများရှိနေ ကြောင်း သိရသည်။

ဘုရင့်နောင်အဝေးပြေးပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ရှင်အသင်း ဥက္ကဋ္ဌဦးလှဦးက''မနေ့က စည်ပင်ဌာနဘုရင့်နောင် ရယ်၊ သာယာရေးရုံးက လူတွေ၊ ဒီက ကားသမား၊ ဆိုင်ခန်းပွဲရုံ လုပ်ငန်းရှင်တွေအားလုံးပါဝင်ပြီး အစည်းအဝေးလုပ်တယ်။ ညတွင်း ချင်းပဲ လုံခြုံရေးအစီအမံတွေ လုပ်တယ်။ လူဝင်လူထွက်နဲ့ ကား တွေစစ်တယ်။ ညပျော်အနှိပ် ခန်းတွေကအစ ည ၁၁နာရီ နောက်ဆုံးထားပြီးပိတ်ဖို့ ဗီနိုင်း တွေနဲ့ ကြော်ငြာတွေကပ်ပြီးကို လုပ်ဆောင်နေတယ်''ဟုဆိုသည်။

လက်ရှိအချိန်တွင် ဘုရင့် နောင်ဝင်းအတွင်း ညလုံခြုံရေး ဝန်ထမ်းအင်အား ၆၀ ကျော် ထားရှိပြီး ဝင်ထွက်နေသောကား များအား ကားရှင်းလင်းရေးအဖွဲ့၊ ယာဉ်ထိန်းရဲ၊ နယ်မြေလုံခြုံရေး ရဲများ၊ စည်ပင်နှင့် ဌာနဆိုင်ရာ ရဲများ စုပေါင်းကင်းလှည့်ကာ ညဘက်မသင်္ကာသူများအားစစ် ဆေးနေကြောင်း ယင်းကပြော ဆိုသည်။

သာယာရေးရုံးမှ တာဝန်ရှိ သူက ''ရဲကပါတယ်ဆိုပေမယ့် သူတို့အင်အားက အားရစရာ မရှိပါဘူး။ လိုအပ်လို့သွားခေါ် လဲ သူတို့က မလိုက်နိုင်တာများ တဲ့အတွက် သိပ်အဆင်မပြေဘူး၊ တချို့အနှိပ်ခန်းတွေလိုနေရာ မျိုးတွေကိုရှင်းဖို့အတွက်ဆိုရင် လူမှုရေးအဖွဲ့တွေအပြင် ဌာနဆိုင် ရာရဲ့အဖွဲ့တွေက ပိုမိုပူးပေါင်းပေး ဖို့လိုတယ်''ဟုဆိုသည်။

ဗုံးပေါက်ကွဲမှုများကြောင့် ကားဝင်းများအတွင်း ဝင်ထွက် သွားလာနေ သည့်ကား များနှင့် ပစ္စည်းများအား အလေးထား စစ်ဆေးနေသည်သာမက ခရီး သည်များ၏ခရီးဆောင်အိတ် များကိုပါ စစ်ဆေးရမည်ဖြစ်၍ ပြည်သူ ခရီးသည်များ ပူးပေါင်း ဆောင်ရွက်ရန်နှိုးဆော်စာများ ထုတ်ထားကြောင်း အဆိုပါကား ဝင်းတာဝန်ခံများထံမှ သိရသည်။

အောင်မင်္ဂလာကားဝင်း စည်ပင်ဌာနမှ ဦးဉာဏ်ထွန်းက ''လုံခြုံရေးကတော့ ဗုံးသတင်းကြား ကတည်းက ဒီကရှိနေတဲ့အဖွဲ့ တွေနဲ့ အတူတူပူးပေါင်း လုပ် ဆောင်နေ တယ်။ အင်အားတွေ လဲ တိုးချဲ့ချထားတယ်။ ဘယ် လောက်ချထားတယ်။ ဘယ်လို ပုံစံမျိုးဆောင်ရွက်နေတယ်ဆို တာကတော့ လုံခြုံရေးအစီအမံ ဖြစ်လို့ အသေးစိတ်မပြောလိုပါ ဘူး။ လုံခြုံရေးအတွက်အားလုံး အဆင်ပြေအောင်ကားဝင်း သမား တွေကိုနှိုးဆော် ထားတယ်''ဟု ဆိုသည်။

လက်ရှိ ဘုရင့်နောင်ဈေး နှင့် ပွဲရုံဝင်းအတွင်းနိုင်ငံတကာ မှကုန်စည်များ အဓိကဝင်ရောက် နေပြီး အောင်မင်္ဂလာအဝေး ပြေးကားဝင်းမှာ ခရီးသည်နှင့် အတူပမာဏနည်းကုန်စည်များ စီးဝင်နေရာ ရန်ကုန်၏အဓိက ကုန်စည်စီးဆင်းဝင်ပေါက်များ ဖြစ်ပေါ်လာပါက ကုန်စည်စီးဆင်း မှုများထိခိုက် သွားနိုင်သည့် အတွက် လုံခြုံရေးကင်မရာတပ် ဆင်ခြင်း များပြုလုပ်ရန်နယ်စပ် လုံခြုံရေးနှင့် စည်းကမ်းထိန်း သိမ်း ရေးဝန်ကြီး ကပြောဆိုထားသော် လည်း ဘဏ္ဍာငွေအခက်အခဲ များကြောင့် တပ်ဆင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here