Wednesday, October 2, 2013

အကျဉ်းတန်အရုပ်ဆိုးနေသော တောင်ကြီးမြို့တော် ဗိုလ်ချုပ်လမ်းမကြီး၏ညမြင်ကွင်း ... ...

0 comments



သတင်းနှင့်ဓာတ်ပုံ - KZLM (တောင်ကြီး)
 
တောင်ကြီးမြို့တွင်းရှိလမ်းများနှင့် ရပ်ကွက်နေရာအချို့တို့တွင် စည်ပင်သာယာရေးအဖွဲ့ များမှနေ့စဉ်မနက်စောစောပိုင်းအချိန်တို့တွင် အမှိုက်များတို့ကို လိုက်လံသိမ်းဆည်း ရှင်းလင်းမှုများ
တို့ကိုလုပ်ဆောင်နေကြသော်လည်း ကျန်အချိန်များတို့တွင် သန့်ရှင်းရေး လုပ်ဆောင်မှုများ အလွန်အားနည်း လျှော့နည်းလျှက်ရှိနေပြီး မြို့တော်နေပြည်သူပြည်သားတို့မှလဲ စည်းကမ်းမဲ့စွာ အမှိုက်များ စွန့်ပစ်နေကြမှုများလဲ ရှိနေကြဆဲပင် ... ထို့ပြင် ဗိုလ်ချုပ်လမ်းမတလျှောက်လုံးတို့
တွင် ယခင်က စည်ပင်အမှိုက်ပုံးများချထားပေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အမှိုက်ပုံးများချထားပေးမှုမရှိတော့သဖြင့်လမ်းမဘေးပလက်ဖောင်းနဲ့ကပ်လျှက်တလျှောက်တွင်အမှိုက်များ
တို့ကို စုပုံ ပစ်ထားမှုများရှိလာပြီး ထိုအမှိုက်များ လေတိုက်ရာတွင် လမ်းပေါ် တလျှောက်ပြန့်ကျဲပြီး သော်လည်းကောင်း ခွေးလေခွေးလွှင့်တို့မှလဲလာရောက်ဆွဲယူဖွသွားခြင်း
တို့ကြောင့်သော်လည်းကောင်း လမ်းမတလျှောက်တွင် မြင်မကောင်းအောင် ပြန့်ကျဲနေလျှက် ရှိနေသည်ကိုတောင်ကြီးမြို့၏ ဗိုလ်ချုပ်လမ်းမ ပေါ်တွင် (1.10.2013 ) နေ့ ည ၁၀နာရီကျော်ဝန်းကျင်အချိန်ခန့်က ယခုလိုမြင်တွေ့နေရစဉ် ... ... ...

တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းမ ကြီးပေါ်ရှိ လမ်းမီးတိုင်များအားလုံး မလင်းသည်မှာလဲ အချိန်အတန်ကြာနေပြီဖြစ်ပြီး ပြုပြင်ထိန်းသိမ်းခြင်း များလဲ မရှိသလောက်ပင်ဖြစ်နေရာ မြို့တော်၏ သန့်ရှင်းသာယာလှပမှုတို့မှာ မှေးမှိန်ပျက်စီး နေရပါသည်။ ... ... ...

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here