Thursday, October 10, 2013

မြန်မာ့စီးပွားရေးဘဏ်မှ လွှဲငွေကျပ်သိန်းသုံးရာကျော် နာမည်တူသူက လိမ်လည်ထုတ်ယူ

0 comments

10.10.2013

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လွှဲပို့ငွေ ကျပ်သိန်းပေါင်း ၃၆၀ အား လူမှားထုတ်ပေးသည့် ဖြစ်ရပ်တစ်ခု အောက်တိုဘာ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ရဲစခန်း၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

ထီးချိုင့်မြို့ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာက လွှဲပို့ငွေကျပ်သိန်း ၃၆၀ ကို ငွေလွှဲလက်ခံမည်သူ့နှင့် နာမည်တူ ငွေလွှဲလာထုတ်သူ လူတစ်ဦးထံ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

လက်ခံထုတ်ယူသွားသူသည် သိလျက်နှင့် လိမ်လည်၍ ထုတ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း ဘဏ်မန်နေဂျာက အမှုတိုင်ကြား ထားခဲ့ခြင်းဖြစ်သည်။

ယင်းငွေကို မုံရွာဘဏ်ခွဲမှ လွှဲပို့ပေးခဲ့ပြီး ထီးချိုင့်မြို့ အမှတ်(၃) ရပ်ကွက်နေ မူလတန်းကျောင်းမှ ဒေါ် ---- က ထုတ်ယူရန်ဖြစ်သော်လည်း ထီးချိုင့်မြို့နယ်၊ မြတောင်အုပ် စု၊ဩဩကျေးရွာနေ မ ------ က လာရောက် ထုတ်ယူ သွားခဲ့ခြင်းဖြစ်သည်။

ငွေထုတ်ပေးပြီး နာရီဝက်ကြာမှ မ---- ထံပို့သည့် ၃၂သိန်း ထမ်မံရောက်ရှိလာပြီး ယင်းငွေကိုမူ လာမထုတ်တော့ကြောင်း မန်နေဂျာကဆိုသည်

အောက်တိုဘာ ၇ ရက်က အမှန်ထုတ် ယူရမည့်သူ ရောက်လာချိန်တွင်မူ ယင်းငွေမှာ ထုတ်ပေးပြီးဖြစ်နေကြောင်း ဘဏ်မန်နေဂျာက စီစစ်တွေ့ရှိရသည်ဟု ဆိုသည်။

ထို့အတွက်ကြောင့် မိမိထံသို့ လွှဲပို့သော ငွေမဟုတ်ပါဘဲ သိလျက်နှင့် လိမ်လည်၍ ပိုက်ဆံများ ထုတ်ယူသွားခဲ့သူ မ----နှင့် သူ၏ ခင်ပွန်းဖြစ်သူ ကို-----တို့ နှစ်ဦးတို့အား ထီးချိုင့် မြို့မရဲစခန်းမှ(ပ) ၄၂၇/ ၂၀၁၃ ပြစ်မှုပုဒ်မ ၄၀၉ အရအမှုဖွင့် အရေးယူခဲ့ပြီး ရဲအုပ်ရဲမြင့်က ထိုအမှုအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here