Thursday, October 10, 2013

ကာယိနြေ္ဒပျက်စေမှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အမှုဖွင့်ခံထားရ

0 comments
10.10.2013

ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ကာယိနြေ္ဒပျက်ပြားစေမှုဖြင့် အောက်တိုဘာ ၈ ရက်က အမှုဖွင့် တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။

(၁၀)ရပ်ကွက်၊ သံလွင်လမ်းနေသူ ဒေါ်------ ၎င်း၏ အိမ်ငှားဖြစ်သူ မ---- တန်ဖိုးနည်းဆင်းကတ်လျှောက်ထားသည
့ ကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးထံ လျှောက်လွှာလက်ခံပေးရန် ပြောရာ “ခင်ဗျား ဒီစကားတွေ လာမပြောနဲ့၊ မပေးဘူး” ဟု ပြောဆိုခဲ့ပြီး ဘာကြောင့် မပေးရတာလဲဟု မေးမြန်းရာတွင်လည်း “မ----က --- ဖြစ်နေ၍ မပေးတာ” ဟု
ပြောဆိုခဲ့ကြောင်း တရားလိုက ရဲတိုင်ရာတွင် ထည့်သွင်း ပြောထားသည်။

ထို့ပြင် ဒေါ်---အား ၎င်း၏ နေအိမ်ထဲမှ လမ်းစပ်ထိနောက်ကျောကို လက်ဖြင့် တွန်းထုတ်ပြီး ရင်ဘက်အား လက်ညှိုးဖြင့် ထိုး၍ “တိုင်ချင်ရာတိုင်” ဟု ပြောဆိုသဖြင့် အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် တိုင်တန်းခြင်းဖြစ်သည် ဟု ဆိုထားသည်။`

ထိုတန်တန်းမှုကို ကမာရွတ်ရဲစခန်း က (ပ)၄၄၂/၂၀၁၃ဖြင့် အမှုဖွင့်၍ တိုင်တန်းခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၅၄ ဖြင့် အရေးယူမည်ဟု တိုင်းရဲဌာနက ဆိုထားသည်။


Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here