Monday, October 21, 2013

ဆီးဂိမ်းတွင် ရွက်လှေအားကစားသမားများအတွက် တပ်မတော် ရဟတ်ယာဉ်နှင့် ကယ်ဆယ်ရေးအဖွဲ့များ ကူညီရန်အသင့်

0 comments
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ။ ။ ငွေ ဆောင်၌ကျင်းပမည့် ဆီးဂိမ်း ရွက်လှေပြိုင်ပွဲတွင် ကစားသမားများ လှေတိမ်းမှောက်ကာ အ သက်အန္တရာယ်နှင့်ရင်ဆိုင်ရလျှင် တပ်မတော်လေမှ ရဟတ်ယာဉ်၊ တပ်မတော်ရေမှ အသက်ကယ် ဘုတ်များ ဖြင့် ကယ်ဆယ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ဆီးဂိမ်းပြိုင်ပွဲတွင် အရေးပေါ်အသက်ကယ်ဆယ်မှုအတွက် တပ်မတော်လေမှ ရဟတ်ယာဉ် များကို အသုံးပြုသွားမည်ဖြစ်ပြီး အဓိကအားဖြင့် ယင်းရဟတ် ယာဉ်များကို ငွေဆောင်၌ ပြု လုပ်မည့် ရွက်လှေပြိုင်ပွဲကျင်းပ မည့်နေရာအတွက် ရည်ရွယ် ကြောင်း သိရသည်။

ထို့အပြင် ငွေဆောင်တွင် တပ်မတော်ရေမှ အဖွဲ့ဝင်၄၀ ဝန်းကျင်ရှိသည့် ကယ်ဆယ်ရေး အဖွဲ့မှာ အသက်ကယ်ဘုတ်များ ဖြင့် ကယ်ဆယ်ရေးအတွက် အဆင် သင့်ရှိနေမည်ဟုလည်း အားက စားဝန်ကြီးဌာနမှ သိရသည်။ အားကစားဝန်ကြီးဌာန၊ အား ကစား ကျန်းမာရေးဌာနခွဲ၏ ဒုတိ ယညွှန်ကြားရေးမှူးဒေါက်တာမြ လေးစိန်က ''ဆီးဂိမ်းမှာ အသုံးပြု မယ့်ရဟတ်ယာဉ်တွေက တပ်မတော် လေကပါ။ တပ်မတော်ရေကလဲ အသက်ကယ်ဘုတ်တွေ၊ အင်အား ၄ဝလောက်ရှိတဲ့ ကယ်ဆယ် ရေး အဖွဲ့ တွေ ပါဝင်ဆောင်ရွက်ပေး သွားမှာဖြစ်တယ်''ဟုပြောသည်။

ထို့အပြင်ယင်းဆီးဂိမ်း ကာလအတွင်း ထိခိုက်ဒဏ်ရာ ရပြီးနောက် မြန်မာနိုင်ငံ ရှိဆေး ရုံများတွင် ကုသလိုခြင်းမရှိ သူများ အနေဖြင့်ထိုင်း၊ စင်ကာပူ ရှိဆေးရုံများသို့ တက်ရောက် ကုသနိုင်ရန် ပို့ဆောင်ရေးအပိုင်း ကို MAI နှင့်ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း၊ ပြည်ပ တွင် ကုသလိုသူအနေဖြင့် တက်ရောက် ကုသ သည့် ဆေးရုံကုန်ကျစရိတ် ကို မိမိဘာသာ စိုက်ထုတ်ကျခံရ မည်ဖြစ်ကြောင်း၊ MAI အ နေဖြင့် တားမြစ်ဆေးဆိုင်ရာ ဆေးစစ် မည့်ပစ္စည်း များ သယ် ယူပို့ဆောင်ပေးရာတွင် လည်း ကူညီ ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း၊ ထို့အပြင် အရေးပေါ်ကယ်ဆယ် ရေးအဖွဲ LEO နှင့ှ် SOS နှစ်ခုကိုလည်းဖွဲ့စည်း ထားကြောင်းပြောခဲ့ သည်။

YMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here