Monday, October 21, 2013

ဆိုင်ကယ် (၂)စီးတိုက်မိပြီး မောင်းနှင်သူ(၂)ဦးသေဆုံး

0 comments
21-10-2013

၂၀.၁၀.၂၀၁၃ ရက်နေ့ ၂၃၀၀ အချိန် သန်လျင်မြို့နယ်၊ သနပ်ပင်ကျေးရွာအနီး၊ (၆)လမ်းသွား လမ်းပေါ်တွင် အသက် (၃၂)နှစ်ခန့်အမျိုးသားတစ်ဦး မောင်းနှင်လာသော Jim-110 အစိမ်းရောင်
ဆိုင်ကယ် နှင့် မျက်နှာချင်းဆိုင်မှ အသက် (၂၈)နှစ်ခန့် အမျိုးသားတစ်ဦး မောင်းနှင် လာသော Kembo 125 အနီ/အနက်ရောင်ဆိုင်ကယ်တို့သည်လမ်းလယ်တွင်မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာဆိုင်ကယ်မောင်းသူ (၂) ဦးစလုံး ဒဏ်ရာအသီးသီး ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြသဖြင့် သန်လျင်မြို့မ ရဲစခန်း ယာဉ်(ပ)၁၃၇/၂၀၁၃၊ ပုဒ်မ ၃၀၄-က ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

YMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here