Tuesday, October 8, 2013

ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ ဆောင်တွင် စိတ်ကြွဆေးပြား ငါးသောင်းကျော်ဖမ်းဆီးရမိ

0 comments



8.10.2013

၇.၁၀.၂၀၁၃ရက်နေ့ ၀၉၀၀အချိန် ရန်ကုန်(မူယစ်တပ်ဖွဲ့စု-၄၅)မှ တပ်ဖွဲ့ဝင်များသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပထွက်ခွာဆောင် Main X ray စက်၌ စစ်ဆေးရှာဖွေရေး တာဝန်ဆောင်ရွက်နေစဉ် မဖြူဥ၊ (ဘ)ဦးဘိုနီ၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ၏ ခရီးဆောင်အိတ်အား X ray စက်ဖြင့်ဖြတ်သန်းစစ်ဆေးရာ အိတ်အတွင်း၌ မသင်္ကာပုံရိပ်များတွေ့ရှိရသဖြင့် မဖြူဥ၏ ခရီဆောင်အိတ်အား စစ်ဆေးခဲ့ရာ မြင့်မြင့်ဝေနှင့် ကမ္ဘာစန်းတံဆိပ်ပါ ထိုးမုန့်ဗူးခွံ (၁၈)ဗူးအတွင်း၌ သိုဝှက်သယ်ဆောင်လာသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြာ(၅၄၇၂၀)ပြား၊ အလေးချိန်
(၅.၄၇၂)ကီလိုဂရမ်နှင့် ဆေးပြားအကြေ(၀.၀၁)ကီလိုဂရမ် စုစုပေါင်းအလေးချိန် (၅.၄၈၂)ကီလိုဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂၇၄၁)သိန်းနှင့် PHYU OU အမည်နှင့် ပတ်စ်ပို့(၁)စောင်၊မဖြူဥအမည်ပါ မှတ်ပုံတင်(၁)ခု၊ ရန်ကုန်-ဘန်ကောက်-ဒါကာ ၊ဘန်ကောက်-ရန်ကုန်အသွားအပြန် လေယာဉ် လက်မှတ်
(၁)စောင်၊ အမေရိကန်ဒေါ်လာ(၄၀၀)၊ ခေါက်ပိုက်ဆံအိတ် (၁)လုံး၊ ဆင်းကဒ်ပါ (YUWIN)တံဆိပ်နီ/ခဲကြား လက်ကိုင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူအား စစ်ဆေးရာ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား တင်မောင်၊ (ဘ)ဦးရှုနာအာလီ၊ (၁)ရပ်ကွက်၊ သာကေတမြို့နယ်နေသူမှပို့ဆောင်ခိုင်းကြောင်း ပေါ်ပေါက်သဖြင့် မူးယစ်တပ်ဖွဲ့ စု(၄၅/၄၂)မှတပ်ဖွဲ့ဝင်များပူးပေါင်း၍ တင်မောင်၏နေအိမ်အားဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများရှာဖွေတွေ့ရှိရခြင်းမရှိဘဲ တင်မောင်အား ဖမ်းဆီးရမိသဖြင့် မဖြူဥနှင့် တင်မောင်တို့အားမင်္ဂလာဒုံမြို့မရဲစခန်း မူးယစ်(ပ)၁၀/၂၀၁၃၊မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)
(ခ)/၂၁ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

ရဲဇာနည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here