Friday, October 11, 2013

စွမ်းအင်ကုန်းတွင်းလုပ်ကွက် တင်ဒါအောင်ကုမ္ပဏီများ လုပ်ကိုင်ခွင့် EIA နှင့် SIA Report အပေါ်မူတည်

0 comments

Friday, October 11, 2013

စွမ်းအင်ကုန်းတွင်းလုပ်ကွက် အောင်မြင်သော နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ် မှု EIA နှင့် လူမှုရေးဆိုင်ရာ လေ့လာ ဆန်းစစ်မှု SIA Report ပြုလုပ်ရမည်ဖြစ်ပြီး ယင်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင်က သဘောတူ လက်ခံမှသာ ဆက်လက်လုပ်ဆောင်ခွင့် ရရှိမည်ဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရွေးချယ်ခံရသည့် ကုမ္ပဏီများအနေဖြင့် လုပ်ကွက်များတွင် တိုင်းတာခြင်းနှင့် တွင်းတူးဖော်ခြင်း လုပ်ငန်းများ မစတင်မီ EIA နှင့် SIA လုပ်ငန်းများ စတင်ဆောင်ရွက်ရမည် ဖြစ်သည်။စွမ်းအင်ဝန်ကြီးဌာနက တင်ဒါအောင်မြင်
သော ကုမ္ပဏီများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ ပြင်ပသဘာဝပတ်ဝန်းကျင် ပညာရှင်များပါဝင်သည့်အဖွဲ့များဖြင့် EIA နှင့် SIA လုပ်ငန်းစဉ်များအတွကှ်Seminar ပေးခြင်း၊ Awareness မြှင့်တင့်
ခြင်းများနှင့် သက်ဆိုင်ရာဒေသဖွံဖြိုးရေးအတွက် CSR Program များထည့်သွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းသည့်အစား တင်ဒါစနစ်ဖြင့် ၂၀၁၃ ဇန်န၀ါနရီ ၁၇ ရက်တွင် စွမ်းအင်ဝန်ကြီးဌာနမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရးလုပ်ငန်းများဖြစ်သည့် ကုန်းတွင်း လုပ်ကွက် ၁၈ ကွက်အား တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။

ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်ဖြင့် လုပ်ကွက် ၁၅ ကွက်၊ ရေနံ တိုးတက် ထုတ်လုပ်ရေး စာချုပ်ဖြင့် သုံးကွက်တို့အား ပူးပေါင်းဆောင်ရွက်သွား ရန် နိုင်ငံခြားကုမ္ပဏီများကို တင်ဒါခေါ်ခြင်း ဖြစ်သည်။

လုပ်ကွက် ၁၈ ကွက်အနက် တက်မဒေသရှိ လုပ်ကွက် IOR – 3 နှင့် ကျောက်ဖြူဒေသရှိ လုပ်ကွက် PSC – M တို့မှ အပ PSC စာချူပ်ဖြင့် လုပ်ကွက် ၁၃ ကွက် ၊ IOR စာချူပ်ဖြင့် လုပ်ကွက်သုံးကွက် စုစုပေါင်း ၁၆ ကွက်တို့ အတွက် ကုမ္ပဏီ ၂၆ ခုမှ နောက်ဆုံးအဆိုပြုလွှာ ၅၄ ခု တင်ပြခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်ထုတ်ပြန်သည်။

နောက်ဆုံး အဆိုပြုလွှာများကို စွမ်းအင်ဝန်ကြီးဌာန၊ တင်ဒါစိစစ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်ခဲ့ပြီး အောက်တိုဘာလ ၁၀ ရက်တွင် စွမ်းအင်ကုန်းတွင်း လုပ်ကွက်များကို တင်ဒါအောင်မြင်ခဲ့သော နိုင်ငံခြားကုမ္ပဏီများစာရင်းကိုစွမ်းအင်ဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့သည်။

အိနိ္ဒယ၊ ပါကစ်္စတန်၊ အီတလီ၊ ဘရူနိုင်း၊ မလေးရှား၊ ကနေဒါ၊ ရုရှ၊ လူဇင်ဘတ်၊ ဗြိတိန်နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများ တင်ဒါအောင်မြင်ခဲ့သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here