Tuesday, October 22, 2013

အစိုးရနဲ့ KNPP ငြိမ်းချမ်းရေး ဆွေးနွေးမည်

0 comments


အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တွဲဘက်အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က မနက်ဖြန်ဆွေးနွေးပွဲမှာ အစိုးရနဲ့ ကေအင်ပီပီ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လက ကေအင်ပီပီနဲ့အစိုးရတို့ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှာငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်ရေးကော်မတီဖွဲ့

စည်းဖို့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့၊ နှစ်ဘက်နည်းပညာအဖွဲ့တွေဖွဲ့စည်းပြီး ဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ဖို့၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ဆက်လက်ဆွေးနွေးဖို့စတဲ့အချက် ၈ချက်ကို သဘောတူညီခဲ့ကြပါတယ်။

မနက်ဖြန် ပြုလုပ်မယ့်ဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်း ဦးဆောင်တက်ရောက်မှာဖြစ်ပြီး၊ KNPP ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး၊ ဒုတိယဥက္ကဌ ခူးဦးရယ်၊ တွဲဘက်အတွင်းရေးမှူး (၂) ဦးရွေမျိုးသန့်တို့ ဦးဆောင်တက်ရောက်မှာဖြစ်တယ်လို့  သိရပါတယ်။


RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here