Tuesday, October 22, 2013
ပုဂံလောကနန္ဒာ ဘေးမဲ့ဥယျာဉ်နှင့် နွားထိုးကြီး၊ နောင်ချိုမြို့များရှိ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် WCS မှ လိပ်ကျွမ်းကျင် ပညာရှင်များ သုတေသနလုပ်
Categories :
Tuesday, October 22, 2013
အမေရိကန်နိုင်ငံ၊ နယူးယောက် အခြေစိုက် သားငှက် ထိန်းသိမ်းရေးအဖွဲ့ WCS မှ တိရစ္ဆာန် ဆေးကု သရေး ကျွမ်းကျင်သူများ၊ အဏုဇီဝ ရောဂါရှာဖွေရေး ကျွမ်းကျင်သူများ၊ ကွင်းဆင်း သုတေသီ များနှင့် မြန်မာနိုင်ငံ အခြေစိုက် သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS မှ လိပ်ထိန်းသိမ်းရေး သုတေသီများ လိုက်ပါလျက် ပုဂံလောကနန္ဒာ ဘေးမဲ့ဥယျာဉ်နှင့် နွားထိုးကြီး၊နောင်ချိုမြို့များရှိ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောနှင့် ကယ်တင်ရေး စခန်းများမှ လိပ်များအား အောက်တိုဘာ တတိယပတ်အတွင်း သုတေသနပြု လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
လိပ်ကျွမ်းကျင်ပညာရှင်၁၅ဦးပါဝင်သောအဖွဲ့သည် နွားထိုးကြီးမင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော မှ ပုဂံလောကနန္ဒာ ဘေးမဲ့ဥယျာဉ်သို့ အောက်တိုဘာ ၁၆ ရက်တွင် ရောက်ရှိလာပြီး မြန်မာကြယ်လိပ်
များ၏ ကျန်းမာရေး အခြေအနေကို သိရှိနိုင်ရန် သွေး၊ မစင်၊ တံတွေး နမူနာများ ကောက်ယူဓာတ်ခွဲ စမ်းသပ်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အဖွဲ့သည် ရှမ်းပြည်နယ် နောင်ချိုမြို့နယ် သစ်တောဦးစီးဌာန ဘန့်ဘွေးပျိုးဥယျာဉ်ရှိ လိပ်များ ကယ်တင် စောင့်ရှောက်ရေးစခန်းမှလိပ်ဝါများနှင့် နွားထိုးကြီးမင်းစုံတောင်မှ မြန်မာ့ကြယ်လိပ်များ၏ သွေး၊ မစင်နှင့် တံတွေးနမူနာများ ကောက်ယူစုဆောင်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာ့ကြယ်လိပ် Burmese Star Tortoise ; Geochelone platynota သည် မြန်မာ့ဌာနေရင်းဖွား မျိုးစိတ်ဖြစ်ပြီး သဘာဝတောများတွင် အရေအတွက် ကျဆင်းလျက်ရှိကာ ယခင်က မျိုးသုဉ်းရန် အခြေအနေအထိ ဖြစ်ခဲ့ရာမှ သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနခွဲ လက်အောက်ရှိ ဘေးမဲ့တောများ၊ တိရစ္ဆာန်များ ဥယျာဉ်ဌာန လက်အောက်ရှိ တိရစ္ဆာန် ဥယျာဉ်ခြံများတွင် အနီးကပ် စောင့်ရှောက်မွေးမြူခဲ့ရာ နှစ်စဉ် အကောင်ရေ တိုးတက်ပေါက်ပွား လျက်ရှိပြီး သဘာဝ တောတောင်ရေမြေများ အတွင်းသို့ မကြာမီပြန်လည်လွှတ်ပေး နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သုတေသန အဖွဲ့သည် ပုဂံလောကနန္ဒာ ဘေးမဲ့ဥယျာဉ်တွင်အောက်တိုဘာ ၂၂ ရက် အထိ လေ့လာ စမ်းသပ်မှုများ ပြုလုပ်မည်ဟု သိရသည်။
eleven media group
Subscribe to:
Post Comments (Atom)
