Monday, October 28, 2013

မြန်မာနိုင်ငံအထူးအိုလံပစ်အားကစားပွဲတော်ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား သမားများအတွက် Ooredoo က အမေရိကန်ဒေါ်လာ ၅ဝဝဝဝ ကူညီမည်

0 comments
28-10-2013

မြန်မာနိုင်ငံ အထူးအိုလံပစ်အားကစား ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား သမားများ အတွက် ဆက်သွယ်ရေးကုမ္ပဏီ Ooredoo က အမေရိကန်ဒေါ်လာ ၅ဝဝဝဝကူညီ မည်ဖြစ်ကြောင်း Ooredoo က ယနေ့ သတင်း ထုတ်ပြန်သည်။

အူရီးဒူးမြန်မာအနေဖြင့် အမေရိကန်ဒေါ်လာ ၅ဝဝဝဝ ကို မြန်မာနိုင်ငံ အထူးအိုလံပစ်အတွက် ယခုနှစ် အောက် တိုဘာမှ လာမည့်နှစ်အောက်တို ဘာအထိအသုံးပြုရန် ထောက်ပံ့ပေး သွားမည် ဖြစ် ပြီး မြန်မာနိုင်ငံအထူးအိုလံပစ်အားကစား အသင်းချုပ်သည် နိုင်ငံတကာပြိုင်ပွဲများအတွက် အူရီးဒူးမြန်မာ၏ အချိန်ကိုက်ပံ့ပိုးမှုရရှိခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အထူး အိုလံပစ် အားကစားပွဲသည် အူရီးဒူးမြန်မာ၏အဓိကရန်ပုံငွေပံ့ပိုးမှုကို လက်ခံ ရယူခဲ့ကြောင်း သိရသည်။

ယင်းရန်ပုံငွေသည် ပြိုင်ပွဲဝင်အားကစား သမားများ၏ ခရီးစရိတ် များ၊ နေထိုင် စရိတ် များနှင့် အားကစားအစီအစဉ်များအတွက် အသုံး ပြုသွားမည်ဟုသိရသည်။

မြန်မာနိုင်ငံ အထူးအိုလံပစ်အားကစားအဖွဲ့ ချုပ်အတွက် အထူးပံ့ပိုးသူအဖြစ် ကြေညာရာတွင် အူရီးဒူးမြန်မာ၏ CEO ဖြစ်သော Ross Cormack က ''ကျွန်တော်တို့အနေနဲ့ မြန်မာ့အားကစား ဂုဏ်ရောင်မြှင့်တင်ရေးနဲ့အားကစားသမားစိတ်ဓာတ် ကောင်းတွေပေါ်ပေါက်လာရေးကို အကောင်အထည် ဖော်နိုင်စေဖို့ မသန်စွမ်း အိုလံပစ်အားကစားအပြင် အခြားအားကစားများကိုလဲ အခုလိုပံ့ပိုးသွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ယခုထောက်ပံ့မှု အစီအစဉ်သည် ယခုနှစ် နိုဝင်ဘာလတွင် သြစတြေးလျနိုင်ငံ၌ပြုလုပ်မည့် အာရှပစိဖိတ်ဆိုင်ရာ အထူးအိုလံပစ်အားကစား ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား များအတွက် အချိန်ကိုက်ဆောင်ရွက်သည့်ကူညီမှု ဖြစ်သည်ဟုဆိုသည်။အဆိုပါထောက်ပံ့မှု ကို လက်ခံရရှိသော မြန်မာနိုင်ငံ အထူးအိုလံပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ အငြိမ်း စားဗိုလ်မှူးကြီးဦးမျိုးမြင့်က ''နိုင်ငံတကာအဖွဲ့ အစည်းကြီးတစ်ခုကနေ အခုလို အကြီးအကျယ် ထောက်ပံ့မှုမျိုးရတာ ဒါပထမဦးဆုံးအကြိမ်ဖြစ် ပါတယ်။ဒါဟာရှေ့လျှောက်ကျွန်တော်တို့နိုင်ငံတကာ အထူးအိုလံပစ် အားကစားပွဲတွေရော အခြား ဆိုင်ရာဆွေးနွေးပွဲတွေကိုရော ပိုမိုတက်ရောက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။ ကျွန်တော်တို့ အနေနဲ့ ခိုင်မာတဲ့ရေရှည်ဆက်ဆံမှုမျိုးကို အူရီး ဒူးမြန်မာနဲ့ မြန်မာနိုင်ငံ အထူးအိုလံပစ်အဖွဲ့ချုပ် တို့ကြားမှာ မြင်တွေ့လိုပါတယ်''ဟု ဝမ်းမြောက် စွာ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအထူးအိုလံပစ်အားကစားပွဲတော် ကို ယခုနှစ် အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်း တွင် ကျင်းပခဲ့ပြီး အားကစားသမား ၃၅ဝနှင့် နည်းပြ ၅ဝတို့ က ပြေးခုန်ပစ်နှင့် Bucci ကစား နည်းများကို ဆင်နွှဲခဲ့ကြောင်းသိရသည်။


The Union Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here