Monday, October 7, 2013

တနိုင်ငံလုံး လက်မှတ် ထိုးပွဲတွင် အဖွဲ့အားလုံး ပါဝင် နိုင်ရေး သည်သာ အနှစ်သာရဟု RCSS ဆို

0 comments

လက်ခံသည့် အဖွဲ့ များဖြင့် လက်မှတ် ရေးထိုးပြီး စတင် အကောင်အထည် ဖေါ်တော့မည့် အစိုးရ၏တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အပေါ် သဘော ထားသည် မဖြစ် သင့်ကြောင်း အောက်တို ဘာလ (ရက်နေ့ကျင်းပသည့်ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ၏ အရေးပေါ်ဗဟို အလုပ် အမှုဆောင်အစည်း အဝေးမှ တိုက်တွန်း ပြောကြား လိုက်သည်ဟု ပြောခွင့် ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆိုင်မိဏ်း က ဆိုပါသည်။
 ဦးအောင်မင်းရဲ့ ပြောကြား ချက်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အစိုးရ ဖော်ဆောင် လိုတဲ့တနိုင်ငံလုံး ဆိုင်ရာ အပစ် အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲမှာ အဖွဲ့အစည်း အားလုံး ပါဝင်မှတနိုင်ငံလုံး အတိုင်းအတာ ဆောင်တယ်လေ။ အဲဒီလို အခြေအနေ မျိုးမှာ သက်သေ အနေနဲ့ နိုင်ငံ တကာက ပါဝင် လာရင် ပိုကောင်း တာပေါ့” ဟု ဆိုပါသည်။
နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် စက်တင်ဘာ လဆန်းက ကျင်းပ ခဲ့သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ ကိုယ်စားလှယ် များနှင့် ဆွေးနွေးစဉ် အထက်ပါ စကား ရပ်ကို ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။
RCSS သည် အားလုံး ပါဝင် လာနိုင်ရေးကို ကြိုပမ်း လုပ်ဆောင် သွားရန် ရှိသည်။ ယင်းအခမ်းအနားကိုလည်း တက်ရောက်မည် ဖြစ်ပြီး ပါဝင် လက်မှတ် ထိုးမည် ဟုလည်း အရေးပေါ်ဗဟို အလုပ် အမှုဆောင် အစည်းအဝေးမှ ချမှတ် ထားပြီး ဖြစ်ကြောင်း ဆိုပါသည်။
သို့သော်လည်း အစိုးရ ဖော်ဆောင် လိုသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကိုစိတ်ဝင်စားသည့် အဖွဲ့များ နှင့်သာ လက်မှတ် ရေးထိုးသည့် အခမ်းအနား မျိုးကိုမူ RCSSအဖွဲ့အနေဖြင့် ပါဝင်မည် မဟုတ်ဟု ဆိုပါသည်။ ဤသို့ကြောင့် ယင်း အခမ်းအနားသည်တဖက်သတ် ကျင်းပ လိုက်သည့် အခမ်းအနားမျိုး မဖြစ်ရန် RCSS အဖွဲ့ အနေဖြင့် အစိုးရ အဖွဲ့အား တိုက်တွန်း လိုပါကြောင်း ပြောခွင့် ရသူက ဆိုပါသည်။
ထို့အပြင် RCSS အဖွဲ့၏ ဗဟို အလုပ် အမှုဆောင် အစည်း အဝေးသည် ၄င်းတို့နှင့် အစိုးရ တို့၏ ()နှစ်တာ ရယူ ထားသည့် အပစ်အခတ် ရပ်စဲရေး အခြေ အနေ ကိုလည်း ပြန်လည် သုံးသပ် ခဲ့ကြောင်း ဆိုပါသည်။
၎င်း သုံးသပ် ချက်ထဲတွင်  အပစ်အခတ် ရပ်စဲသော နှစ်နှစ်တာ ကာလ အတွင်း RCSSတပ်ဖွဲ့နှင့်အစိုးရ တပ်ဖွဲ့ တို့သည် တိုက်ပွဲပေါင်း (၁၃၃) ကြိမ် ဖြစ်ပွား ခဲ့ပြီး (၁၂၂) ကြိမ် ခန့်သည်အစိုးရ ဘက်မှ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးစဉ်က ရရှိ ထားသည့် နှစ်ဖက် သဘောတူညီ ချက်များကို ချိုးဖောက်ကာ ဝင်ရောက် တိုက်ခိုက် ခဲ့သည်ကို တွေ့ရှိ ခဲ့ရကြောင်း ပြန်လည် သုံးသပ် ခဲ့ကြပါသည်။
ဤသည် အစိုးရ၏ သဘောထား အမှန်သာ ဖြစ်သော်လည်း ငြိမ်းချမ်းရေး တည်ဆောက် ရာတွင် အထစ်အငေါ့ လေးများ ရှိနိုင်ကြောင်း၊ သဘောထား ကြီးကြီးဖြင့် ငြိမ်းချမ်းရေး ခိုင်မြဲ သထက် ခိုင်မြဲရန် လက်တွေ့ ကျသည့် အခန်း ကမှ ပါဝင် လက်တွဲ သွားရန် ကြိုးစား သွားမည် ဖြစ်ကြောင်း RCSS ၏ ဗဟို အလုပ် အမှုဆောင် အစည်း အဝေးမှ သဘောထား ခဲ့ပေသည်။
RCSS ၏ အရေးပေါ် ဗဟို အလုပ် အမှုဆောင် အစည်းအဝေးကို ရှမ်းပြည် တောင်ပိုင်း ဟိုမိန်း မြို့နယ်ခွဲနှင့် မိုင်းထား မြို့နယ်ခွဲ အကြားရှိ RCSS ၏ လွိုင်တိုင်လျန်း ဗဟို ဌာန ချုပ်တွင် ကျင်းပ ခဲ့ပြီးဗဟို အလုပ် အမှုဆောင် အပါဝင် ကိုယ်စားလှယ် (၄၀)ကျော် တက်ရောက် ခဲ့ပါသည်။
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့သည် ၂၀၁၁ ခုနှစ် ကတည်းကအစိုးရသစ်နှင့် ပထမဆုံး အကြိမ် တစ်ဖွဲ့ချင်း အပစ်အခတ် ရပ်စဲ ရေးကို လက်မှတ် ရေးထိုး ခဲ့သောအဖွဲ့ ဖြစ်ပါသည်။ ဤကဲ့သို့ အပစ်ရပ် ထားသော်လည်း အစိုးရ၏ တဖက်သတ် တိုက်ခိုက် မှုကို(၁၂၂ကြိမ်ခန့် ခံခဲ့ ရသည်ဟု ဆိုပါသည်။
သို့သော်လည်း RCSS သည် သမ္မတ အပါဝင်၊ ဒုတိယ သမ္မတနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေး အစဉ် တည်မြဲ လာစေရန် ကြိုးစား ဆောင်ရွက် ခဲ့ပါသည်။ အစိုးရသည် ဤကဲ့သို့ မဟုတ်ပေ။ ပြည်နယ် သဘော တူညီ ချက်နှင့် ပြည်ထောင်စု သဘော တူညီချက် များကို လျစ်လျူရှူ ခဲ့ပြီးတနိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးပွဲ မူသစ်ဖြင့် နောက်ထပ် တမူ ဆန်းသစ် ခဲ့ပြန် ပါသည်။ 
အစိုးရ ဖက်မှ မည်သို့ပင် အမျိုးမျိုး ဆန်းသစ် နေစေ ကာမူ RCSS သည် စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ယခု အောက်တို ဘာလ တရက်နေ့တွင် ကျင်းပသော နောက်ဆုံး ဗဟိုအ လုပ်အမှုဆောင် ဆွေးနွေးပွဲ အထိ ခိုင်မြဲစွာ ရပ်တည်လျှက် ရှိပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here