Friday, November 22, 2013

ကိုယ်အလေးချိန် ကျဆင်းစေမည့် အလွယ်နည်းများ

0 comments


22.11.2013

(၁) သက်သတ်လွတ်စားပါ

အသားမပါဘဲ သက်သတ် လွတ် ဟင်းလျာတွေကို စားပေးတာ က သင့် ခန္ဓာကိုယ် အလေးချိန် ထိန်း သိမ်းရာမှာ အဓိက ကျတဲ့ နည်းလမ်း တစ်ခု ပါပဲ။ ပဲ နွယ်ပဲညွန့်၊ ပဲပေါင်မုန့် နဲ့ ပဲဟင်းချိုတွေ စားပေး တာက အမျှင်ဓာတ် ကို ရရှိ စေတာ ကြောင့် သင်ရဲ့ ကိုယ်အ လေးချိန် ကို ထိန်းသိမ်း ရာ ရောက်ပါ တယ်။

(၂) အစာစား ချိန် သီးသန့်ထားပါ

အစာစား ဖို့ အချိန်မိနစ် ၂ဝ ပေးပြီး ဖြည်းဖြည်း စားပါ။ ဒါဟာ ရှင်းလင်း လွယ် ကူပြီး ကိုယ် အလေးချိန် ကျဆင်း စေနိုင် တဲ့ ထိပ်တန်း နည်းလမ်း တစ်ခုပါ။ အ စာ ကို တစ်လုတ် ချင်း၊ တစ်ကိုက် ချင်း အရသာ ခံစား သုံးပါက အစာစား ချိန် သိသိ သာသာ နှေးကွေး သွား စေပါတယ်။ အစာ ကို အမြန် စားသုံး ပါက တင်းတိမ် သွားပြီး ဆာလောင်မှု ပြေပျောက် သွားပြီ ဆိုတဲ့ သတင်း အချက်အလက် ကို ဦးနှောက် ဆီ ပို့ဆောင် တဲ့ နေရာ ကို ပိတ်ဆို့ လိုက်တာကြောင့် အစာ ပိုစား မိစေပါတယ်။

(၃) ပန်ကန်ပြားသေးသေး အသုံးပြုပါ

နေ့လယ်စာ နဲ့ ညစာ ထမင်း ပန်းကန် တွေက လည်း သင့် ခန္ဓာကိုယ် ထိန်းသိမ်းရေး မှာ အရေး ပါပါ တယ်။ သင်စား တဲ့ ထမင်းစား ပန်းကန်ပြား အရွယ် အ စားကို စားနေကျ အရွယ် အစား အောက် နှစ် လက်မ လောက်သေးတဲ့ အရွယ် အစား နဲ့ စားပါ။ ဒီလိုပန်း ကန်ပြား အရွယ် အစား ကို လျှော့ချ လိုက်တာ က တစ် နေ့ကို ကယ်လိုရီ ၁ဝဝ-၂ဝဝ လောက်အထိ လျှော့ချ စားမိစေပြီး တစ်နှစ် ကို ၁ဝ ပေါင်ကနေ ပေါင် ၂ဝ အထိ လျော့နည်း ကျဆင်း စေပါတယ်။

(၄) ဖန်ခွက် သေးသေး ရှည်ရှည် နှင့် သောက်ပါ

သင်ဟာ အခမ်း အနား တစ်ခုခု မှာ ဖြစ်စေ၊ အ ပေါင်းအသင်း မိတ်ဆွေ တွေနဲ့ သွားလာ စားသောက် ရတဲ့ အခါ ဖြစ်စေ၊ ရှောင်လွှဲ လို့မရတဲ့ အခြေ အနေမျိုး မှာ မဖြစ်မနေ အချိုရည်တစ်ခုခု သောက်တဲ့ အခါဖြစ် စေ ဖန်ခွက် သေးသေး ရှည်ရှည် ကို အသုံး ပြုပြီး သောက် သုံးပါ။ အဲဒီ ဖန်ခွက်မျိုး အသုံးပြု တာကြောင့် သင်ရဲ့အ ချိုရည် သောက်သုံးမှုတွေ လျော့နည်း သွားစေ ပါတယ်။

(၅) ၈၀/ ၂၀ စဉ်းမျဉ်းကို လိုက်နာပါ

သင်ဟာ အစာစားတဲ့အခါ ဗိုက်ပြည့်သွားအောင် စားမယ့်အစား ၈ဝ ရာခိုင်နှုန်းအထိပဲ ပြည့်အောင် စားပြီး ကျန်တဲ့ ၂ဝ ရာခိုင်နှုန်းလောက်တော့ လျှော့ စားပေးပါ။ ဒါဟာ သင့်ခန္ဓာကိုယ်အလေးချိန် လျှော့ ချရာမှာ လိုက်နာ သင့်တဲ့ စည်းမျဉ်းတစ်ခုပါ။

(၆) ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင် လုပ်ပါ

တစ်နေ့ကို ကယ်လိုရီ ၁ဝဝ လောင်ကျွမ်းစေ တာက သင့်ကို တစ်နှစ် အတွင်းမှာ ကိုယ် အလေးချိန် ၁ဝ ပေါင် ကျဆင်း သွားအောင် စွမ်းဆောင်နိုင်ပါတယ်။ တစ်နေ့ ကို အိမ်သန့်ရှင်းရေး မိနစ် ၃ဝ ကြာအောင် လုပ်ပါက ကယ်လိုရီ ၁ဝဝ လောင်ကျွမ်း စေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါး တက္ကသိုလ်)
Good HEALTH

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here