Thursday, November 28, 2013

တိုင်း​ရင်း​သား ​အ​ရပ်​ဘက်​အ​ဖွဲ့​အ​စည်း​များ ​ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မည်

0 comments


28.11.2013
  
စစ်​မက်​ဖြစ်​ပွား​ရာ​ဒေ​သ​အ​ပါ​အ၀င် ​တိုင်း​ရင်း​သား​ဒေ​သ​အ​သီး​သီး​က ​အ​ရပ်​ဘက် ​လူ့​အ​ဖွဲ့​အ​စည်း​တွေ ​ပူး​ပေါင်း​ပြီး ​ငြိမ်း​ချမ်း​ရေး​နဲ့ ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆိုင်​ရာ ​အ​လုပ်​ရုံ ​ဆွေး​နွေး​ပွဲ​တ​ရပ်​ကို ​ရှမ်း​ပြည်​နယ် ​တောင်​ကြီး​မြို့​မှာ ​ကျင်း​ပ​ဖို့ ​ရှိ​နေ​ပါ​တယ်။

က​ချင်၊ ​က​ယား​၊ ​က​ရင်၊ ​ရှမ်း​၊ ​ရ​ခိုင်၊ ​တ​န​င်္သာ​ရီ​နဲ့ ​ချင်း​အ​စ​ရှိ​တဲ့ ​ပြည်​နယ်​နဲ့ ​တိုင်း​အ​သီး​သီး​က ​အ​ရပ်​ဘက်​လူ့​အ​ဖွဲ့​အ​စည်း​ဆိုင်​ရာ ​ကိုယ်​စား​လှယ်​ဟာ ​ရှမ်း​ပြည်​နယ် ​တောင်​ကြီး​မြို့​မှာ ​လာ​မယ့် ​ဒီ​ဇင်​ဘာ ၁ ​ရက်​က​နေ ၄ ​ရက်​နေ့​အ​ထိ  ​ပြည်​တွင်း ​ငြိမ်း​ချမ်း​ရေး​အ​တွက် ​ဆွေး​နွေး​ဖ​လှယ်​ကြ​ဖို့ ​ရှိ​နေ​တာ ​ဖြစ်​ပါ​တယ်။

ဆွေး​နွေး​ပွဲ ​ကျင်း​ပ​ရ​ခြင်း​ရဲ့ ​ရည်​ရွယ်​ချက်​နဲ့​  ​ပတ်​သက်​ပြီး​  ​ဖြစ်​မြောက်​ရေး ​ကော်​မ​တီဝင်​တ​ဦး​ဖြစ်​တဲ့​  ​မျိုး​ဆက်​သစ်(​ရှမ်း​ပြည်)​အ​ဖွဲ့​က ​ဦး​မိုး​က ​ဒီ​ဗွီ​ဘီ​ကို ​ခု​လို​ရှင်း​ပြ​ပါ​တယ်။

“​အ​ဓိ​က​က​တော့ ​ငြိမ်း​ချမ်း​ရေး​နဲ့ ​ဖွံ့​ဖြိုး​တိုး​တက်​ရေး ​အ​ခန်း​က​ဏ္ဍ​မှာ ​အ​ရပ်​ဘက်​လူ့​အ​ဖွဲ့​အ​စည်း​အ​နေ​နဲ့ ​ပူး​ပေါင်း​ဆောင်​ရွက်​မှု​ကို ​တိုး​မြှင့်​နိုင်​ဖို့​အ​တွက်​ဖို့ ​ရည်​ရွယ်​တယ်။ ​နောက်​တ​ခု​က ​အ​ရပ်​ဘက် ​လူ့​အ​ဖွဲ့​အ​စည်း​တွေ​ရဲ့ ​အ​ဟန့်​အ​တား ​ဖြစ်​စေ​တဲ့​ကိ​စ္စ​တွေ​ကို​လည်း ​ဒီ ​အ​လုပ်​ရုံ​ဆွေး​နွေး​ပွဲ​က​နေ​ပြီး​တော့​မှာ ​ဖြေ​လျော့ ​နိုင်​ဖို့ ​နည်း​လမ်း​တွေ​ကို ​ရှာ​ဖွေ​ဖို့​အ​တွက် ​တွေ့​ဆုံ​ဆွေး​နွေး​ခြင်း​ဘဲ ​ဖြစ်​ပါ​တယ်။”

အ​လုပ်​ရုံ​ဆွေး​နွေး​ပွဲ ​တက်​ရောက်​ဖို့ ​ပြည်​နယ်​နဲ့​တိုင်း​အ​သီး​သီး​က ​လူ​မှု​အ​ခြေ​ပြု​အ​ဖွဲ့​ပေါင်း ၂၀၀ ​နီး​ပါး​ကို ​ဖိတ်​ကြား​ထား​ပြီး ​တ​ဖွဲ့​ကို ​ကိုယ်​စား​လှယ် ၁၀ ​ဦး​ထိ ​တက်​ရောက်​နိုင်​မှာ ​ဖြစ်​ပါ​တယ်။

ဆွေး​နွေး​ပွဲ ​ပ​ထ​မ ၃ ​ရက်​မှာ  ​ပ​ဋိ​ပ​က္ခ​ဖြစ်​ပွား​နေ​တဲ့​ဒေ​သ​က ​ပြည်​သူ​တွေ​ရဲ့ ​ပြဿ​နာ​နဲ့ ​ရပ်​ရွာ​ဖွံ့​ဖြိုး​တိုး​တက်​ရေး ​လို​အပ်​ချက်​တွေ​ကို ​အုပ်​စု​ဖွဲ့ ​ဆွေး​နွေး​မှာ ​ဖြစ်​ပြီး​  ​ဒီ​ဇင်​ဘာ ၄ ​ရက်​နေ့​မှာ​တော့​  ​ရှမ်း​ပြည်​နယ်​အ​စိုး​ရ​အ​ဖွဲ့​၊ ​အ​ပစ်​အ​ခတ်​ရပ် ​လက်​နက်​ကိုင်​အ​ဖွဲ့​၊ ​ပြည်​သူ့​လွှတ်​တော်​အ​မတ်​တွေ​နဲ့ ​အ​ခြား​ပါဝင်​သင့်​တဲ့ ​ပု​ဂ္ဂိုလ်​တွေ ​ဖိတ်​ကြား​ပြီး​  ​ဆွေး​နွေး​ပွဲ​က ​ရ ​လာ​တဲ့ ​ဆုံး​ဖြတ်​ချက်​တွေ​ကို  ​တောင်း​ဆို​ချက်​တွေ​အ​နေ​နဲ့ ​တင်​ပြ​သွား​ဖို့ ​ရှိ​တယ်​လို့ ​ပွဲ​စီ​စ​ဉ်​သူ​က ​ပြော​ပါ​တယ်။

ဆွေး​နွေး​ပွဲ ​တက်​ရောက်​ဖို့ ​သက်​ဆိုင်​ရာ ​တိုင်း​နဲ့ ​ပြည်​နယ်​အ​သီး​သီး​က ​တိုင်း​ရင်း​သား​အ​ဖွဲ့​တွေ​လည်း ​ကြို​တင်​ပြင်​ဆင်​မှု​တွေ ​လုပ်​နေ​ကြ​တာ​မှာ ​က​ယား​ပြည်​နယ်​က ​ကိုယ်​စား​လှယ်​တွေ​အ​နေ​နဲ့​လည်း​  ​မ​နက်​ဖြန် ​လွိုင်​ကော်​မြို့​မှာ ​ကျင်း​ပ​မယ့် ​လူ​ငယ်​နဲ့ ​ငြိမ်း​ချမ်း​ရေး ​ဆွေး​နွေး​ပွဲ​မှာ ​ဒီ​ကိ​စ္စ ​ထည့်​သွင်း ​ဆွေး​နွေး​မယ်​လို့​  ​က​ယန်း​မျိုး ​ဆက်​သစ် ​လူ​ငယ်​အ​ဖွဲ့ ​ခေါင်း​ဆောင် ​ခွန်း​ဘီ​ဒူး​က ​ပြော​သွား​ပါ​တယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here