Tuesday, November 5, 2013

ပေါင်းလောင်း လျော်ကြေးကိစ္စ ဖြေရှင်းပေးဖို. တောင်းဆို

0 comments
ရှမ်းပြည်နယ်တောင်ပိုင်း၊ ​ပင်လောင်းမြို့နယ်၊ ​အထက် ​ပေါင်းလောင်းဒေသမှာ ​ရေအား ​လျှပ်စစ်စီမံကိန်း ​တည်ဆောက် ​နေတဲ့အတွက် ​ကျေးရွာပေါင်း ​၂၃ ​ရွာ ​ပြောင်းရွှေ့ခဲ့ရပြီး ​ပြောင်းရွှေ့ခံ ​ရွာသားတွေ ကို ​လျော်ကြေးပေး ရာမှာ ​တာဝန် ​ရှိသူတွေက ​အကျင့်ပျက် ​ချစား ​တာတွေ ​ပြုလုပ်ခဲ့တယ် လို့ ​ပေါင်းလောင်း ​ဒေသ ခံတွေက ​စွပ်စွဲပြောဆို ​လိုက်ပါတယ်။
ပြောင်းရွှေ့ခံရတဲ့ ​ကျေးရွာတွေအတွက် ​နစ်နာကြေး ​ပေးလျော်တဲ့အခါမှာ ​အုပ်ချုပ်ရေး ​အာဏာပိုင်တွေနဲ့ ​နီးစပ်သူတွေသာ ​လျော်ကြေး ​အပြည့်အဝ ​ရရှိ ​ခဲ့တယ်လို့ ​ပြောင်းရွှေ့ခံခဲ့ရတဲ့ ​ပေါင်းလောင်း ​ဒေသခံ ​ဦးဇော်ဝင်းက ​အခုလို ​ပြောပါတယ်။
လျှပ်စစ် ​အကောင်အထည်ဖော်ဆောင်ရေး ​စီမံကိန်းမှာ ​ကျွန်တော်တို့ ​ကျေးရွာပေါင်း၂၃ ​ရွာပေါ့ ​ရွှေ့ပြောင်းခဲ့ရတယ်။ ​ဒုက္ခ ​အမျိုးမျိုးလည်း ​ကြုံတွေ့ရတယ်ပေါ့။ ​နစ်နာလျော်ကြေး ​ပေးတော့လည်း ​ပေးတော့ပေးတယ်။ ​ဒါပေမယ့် ​အရှိန်အဝါရှိတဲ့ ​လူတစ်စုအတွက် ​ကိုဘဲ ​သူတို့က ​ဦးစားပေးပြီးတော့ ​လုပ်ဆောင်သွားတာ။ ​အုပ်ချုပ်ရေး ​ပိုင်းနီးနွယ်သူတွေ ​ပါဝင်ပတ်သက်သူကနေပြီး ​တော့မှ ​သူတို့က ​သရုပ်ပြတွေလဲ ​လုပ်လို့ရတယ်။ ​ကျွန်တော် တို့ ​အောက်ခြေလူတန်းစားတွ ​ကျတော့ ​ဒီကိုယ့်အခွင့်အရေး ​အပြည့်အဝတောင် ​မရနိုင်ဘူး

စီမံကိန်းကြောင့် ​ပြောင်းရွှေ့ခံရတဲ့ ​အိမ်ထောင်စုတစ်စုကို ​ပြောင်းရွှေ့စရိတ် ​၉ ​သိန်း ​၃ ​သောင်း ​ပေးအပ်ဖို့နဲ့ ​လယ်မြေ ​တစ်ဧကအတွက် ​၁၀ ​သိန်း ​၅ ​သောင်း ​ပေးအပ်ဖို့ ​အထက်အရာရှိကြီးတွေက ​ညွှန်ကြားထားပေမယ့် ​ဌာနဆိုင်ရာတွေနဲ့ ​နီးစပ်သူတွေသာ ​အပြည့်အဝ ​ရရှိခဲ့ပြီး ​တစ်ချို့ ​ဒေသခံတွေဆိုရင် ​မြေယာ ​လျော်ကြေးတွေ ​မရရှိခဲ့ဘူးလို့ ​ဦးဇော်ဝင်းက ​ဆက်ပြောပါတယ်။

ဒီလို ​အကျင့်ပျတ်ချစားမှုတွေကို ​နိုင်ငံတော် ​အစိုးရအနေနဲ့ ​စုံစမ်းစစ်ဆေးရေး ​အဖွဲ့တွေ ​ဖွဲ့စည်းပြီး ​ဖြေရှင်းပေး ဖို့ ​နိုဝင်ဘာလ ​၄ ​ရက်နေ့ ​ရန်ကုန်မြို့မှာ ​ပြုလုပ်တဲ့ ​သတင်းစာရှင်းလင်းပွဲမှာ ​တောင်းဆို ​ခဲ့ကြပါတယ်။
နစ်နာမှုတွေကို ​ဆောင်ရွက်ပေးတာ ​မရှိဘူးဆိုရင် ​ဆန္ဒပြတောင်းဆိုမှုတွေ ​ပြုလုပ်သွား မှာ ​ဖြစ်တယ် လို့ ​ပြောင်းရွှေ့ခြင်းခံရတဲ့ ​ဟူးပြင်ကျောင်းရွာက ​ဒေသခံ ​ဦးညွှန့်ဝင်းက ​ပြောပါတယ်။
ကျွန်တော်တို့အနေနဲ့က ​သူတို့ဘက်ကမှ ​ထိထိမိမိ ​ပွင့်ပွင့်လင်းလင်း ​မလုပ်ပေးဘူးဆိုရင်တော့ ​ကျွန်တော်တို့ ​အနေနဲ့တော့ ​ရင်ဖွင့်ပြီး ​ဆန္ဒပြရမှာပဲ။ ​ကျွန်တော်တို့က ​ဆန္ဒပြဖို့တောင်းဆိုမှာပဲ
တစ်ဆက်တည်းမှာပဲ ​ရွှေ့ပြောင်းခံ ​ရွာသားတွေဟာ ​မြေပြန့်ကနေ ​တောင်ပေါ်ဒေသတွေ ကို ​ပြောင်းရွှေ့ ခံခဲ့ရတာကြောင့် ​သောက်သုံးရေ ​ပြတ်လပ်တာတွေ၊ ​အလုပ်အကိုင် ​အခွင့်အလမ်း ​မရှိတာတွေကို ​ရင်ဆိုင်နေ ရတဲ့အပြင် ​မြေကွက်လုံလောက်မှု ​မရှိတာတွေကိုလည်း ​ရင်ဆိုင်နေရတယ်လို့ ​ပေါင်းလောင်း ​ဒေသခံတွေ က ​ပြောပါတယ်။
အထက်ပေါင်းလောင်းဒေသမှာ ​ကယန်းနဲ့ ​ပအို့လူမျိုးတွေ ​အဓိကနေထိုင်ပြီး ​ဒီရေအားလျှပ်စစ် ​စီမံကိန်းကြောင့် ​ ဒေသခံ ​၈၀၀၀ ​လောက်ဟာ ​အခက်အခဲတွေနဲ့ ​ရင်ဆိုင်နေရတယ်လို့ ​ကယန်းမျိုးဆက်သစ်လူငယ်တွေက ​ထုတ်ပြန်ထားတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။


Radio Australia - Myanmar 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here