Tuesday, November 5, 2013

ကုလနဲ့ INGO အဖွဲ့တွေ လူမှုလုပ်ငန်း မျှမျှတတ လုပ်ဆောင်ဖို့ ရခိုင်အစိုးရပြော

0 comments
5.11.2013
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ​ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ​နိုင်ငံတကာ ​NGO ​အဖွဲ့အစည်း ​၁၈ဖွဲ့ကို ​လူမှုကူညီ ​ရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ ​မျှမျှတတလုပ်ဆောင်ကြဖို့ ​ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ​ဦးလှမောင်တင်က ​နိုဝင်ဘာ ​၄ရက်နေ့ကစစ်တွေမြို့ ​ပြည်နယ်အစိုးရအဖွဲ့ရုံးမှာခေါ်ယူတွေ့ဆုံခဲ့ပြီး ​သတိပေးခဲ့တယ်လို့ ​သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ​နိုဝင်ဘာ ​၂ရက်နေ့က ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေအတွင်း ​ဘက်လိုက်မှုရှိတယ်ဆိုပြီး ​ရခိုင်ဒေသခံတွေက ​ရခိုင်ပြည်နယ်ထဲမှာ ​အခြေစိုက်တဲ့ ​နိုင်ငံတကာကအဖွဲ့အစည်းတွေကို ​ကန့်ကွက် ဆန္ဒပြမှု ​တွေ ​ဖြစ်ပွားခဲ့ပြီးနောက် ​အခုလိုခေါ်ယူတွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ​ပြည်နယ်လွတ်တော် အမတ် ​ဦးအောင်မြ ​ကျော်က ​အခုလိုပြောပါတယ်။

NGO ​တွေနဲ့ ​ပတ်သက်ပြီး ​NGO ​အဖွဲ့တွေ ​ဒီမှာစည်းကမ်းဥပဒေပိုင်းနဲ့ ​လုပ်ဆောင်ချက်တွေကို ​ထိန်းထိန်းသိမ်း ​သိမ်းလုပ်ကြဖို့အတွက် ​၀န်ကြီးချုပ်က ​သူတို့ကို ​သတိပေးတဲ့အနေနဲ့ ​ခေါ်ယူတွေ့ ဆုံပြီး ​ပြောခဲ့တာလို့ ​သိရပါတယ်၊ ​အဓိက ​မြန်မာနိုင်ငံမှာ ​ထုတ်ပြန်ထားတဲ့ ​NGO ​နဲ့ ​သက်ဆိုင်တဲ့ ​ဥပဒေတွေကို ​လိုက်နာလေးစားဖို့ ​အပိုင်းတွေကို ​ပြောတယ်လို့ ​သိရပါတယ်။ 
နိုဝင်ဘာ ​၂ရက်နေ့က ​ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် ​ဒေသခံရခိုင်လူမျိုးတွေက ​ခွဲခြားဆက်ဆံမှုတွေရှိတယ် ​ဆိုပြီး ​ရခိုင်ပြည်နယ်ထဲမှာ ​အခြေစိုက်တဲ့ ​နိုင်ငံတကာအဖွဲ့အစည်းတွေကို ​ရခိုင်ပြည်နယ်ထဲက ​ထွက်ခွာသွားကြ ​ဖို့ ​ဆန္ဒပြမှုတွေရှိခဲ့တာနဲ့ ​ပတ်သက်ပြီး ​ဦးအောင်မြကျော်က ​အခုလိုဆက်ပြောပါတယ်။
မနေ့ကပေါက်တောမှာဖြစ်တဲ့ပြဿနာကြောင့် ​NGO ​အဖွဲ့တွေကို ​ဆန္ဒပြတဲ့အပိုင်းတွေရှိခဲ့ပါတယ်၊ ​အဲဒါကလည်း ​ပေါက်တောမှာ ​ဖြစ်ခဲ့တဲ့ပြဿနာမှာ ​ကုလား ​၃ယောက်က ​စစ်တပ်က ​ပစ်တဲ့အတွက်ကြောင့်ဒဏ်ရာရသွားတယ်၊ ​အဲဒီဒဏ်ရာရတဲ့ ​၃ယောက်ကို ​သူတို့ ​စပိဘုတ်တွေနဲ့ ​NGO ​အဖွဲ့တွေက ​ခေါ်သွားတယ်၊ ​အဲဒီမှာ ​ကုလားတွေက ​ဓါးနဲ့ခုတ်၊ ​လှံနဲ့ထိုးလို့ ​ဒဏ်ရာရနေတဲ့ ​ကလေးမလေးတွေကို ​NGO ​အဖွဲ့က ​သူတို့ရဲ့ ​စပိဘုတ်တွေနဲ့ ​ခေါ်မသွား ​ဘူး၊ ​အဲလိုမျိုးသူတို့ရဲ့ခွဲခြားဆက်ဆံမှုကြောင့် ​ပြည်သူတွေက ​မကျေနပ်လို့ ​မနေ့က ​NGO ​အဖွဲ့တွေကို ​ဆန္ဒပြ ​နေတာ။ 
ရခိုင်ပြည်နယ်အတွင်းက ​ရခိုင်အမျိုးသမီးတွေအနေနဲ့ ​အခုလိုလုံခြုံမှုကင်းမဲ့နေတဲ့ ​အခြေအနေနဲ့ ​ပတ် သက်ပြီး ​နောက်ထပ်ပြဿနာတွေ ​ဆက်လက်မဖြစ်ပွားအောင် ​အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေအတွက် ​အစိုးရ ​တာ ​၀န်ရှိသူတွေက ​အရေးယူဆောင်ရွက်ပေးဖို့ ​ ရခိုင်အမျိုးသမီးအစည်းအရုံးက လည်း ​တောင်းဆို လိုက်ပါတယ်။ဒါအပြင် ​ရခိုင်ပြည်နယ်အတွင်းမှာ ​ရခိုင်လူမျိုးတွေနဲ့ ​မွတ်ဆလင်လူမျိုးတွေကြား ​ပဋိပက္ခတွေဖြစ် ပွားခဲ့မှုတွေ ​ကြောင့် ​အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူဒုက္ခသည်တွေဟာ ​အခုချိန်ထိ ​ဒုက္ခသည်စခန်းတွေ မှာ ​နေထိုင်နေရဆဲဖြစ်တယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။ 

Radio Australia - Myanmar 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here