Tuesday, November 5, 2013

နိုင်ငံရေးဦးဆောင် ကော်မတီ နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံ

0 comments

5.11.2013

တိုင်းရင်းသား ​လက်နက်ကိုင်တွေရဲ့ ​နိုင်ငံရေး ​ဦးဆောင်ကော်မတီနဲ့ ​အစိုးရရဲ့ ​ပြည်ထောင်စု ​ငြိမ်း ချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီတို့ဟာ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့ ​အစည်းတွေ ရဲ့ ​နိုင်ငံလုံးဆိုင်ရာ ​အပစ်အခတ်ရပ်ရေး ​မူကြမ်းနဲ့ပတ်သက်ပြီးတော့ ​ဒီနေ့မှာ ​တွေ့ဆုံဆွေးနွေးကြမယ် လို့ ​မြန်မာငြိမ်းချမ်းရေး ​စင်တာက ​ပြောဆိုလိုက်ပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ​နိုင်ငံလုံးဆိုင်ရာ ​အပစ်အခတ်ရပ်ရေး ​ဘုံသဘောတူညီမှုကို ​ကချင်ပြည်နယ် ​လိုင်ဇာမြို့မှာ ​၃ ​ရက်ကြာပြုလုပ်ခဲ့တဲ့ ​တိုင်းရင်းသားများ ​ညီလာခံကနေ ​သဘောတူခဲ့ကြတာဖြစ်သလို ​တိုင်းရင်းသား ​လက်နက်ကိုင်တွေရဲ့ ​နိုင်ငံရေး ​ဦးဆောင်ကော်မတီအဖွဲ့ဟာလည်း ​အဲဒီညီလာခံမှာပဲ ​ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အခု ​နိုင်ငံရေး ​ဦးဆောင် ​ကော်မတီနဲ့ ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေးကော်မတီ တို့ရဲ့ ​တွေ့ဆုံ ​ဆွေးနွေးမှုကို ​မြစ်ကြီးနားမြို့မှာ ​ပြုလုပ်မှာ ​ဖြစ်ပါတယ်။ ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့အစည်းတွေ ​သဘောတူထားတဲ့ ​အပစ်အခတ် ​ရပ်စဲရေးဆိုင်ရာ ​မူကြမ်းကို ​အခြေခံပြီးတော့ ​ရှေ့ဆက် လုပ်မယ့် ​လုပ်ငန်းစဉ်တွေကို ​ဆွေးနွေးကြမှာ ​ဖြစ်တဲ့အကြောင်း ​မြန်မာငြိမ်းချမ်းရေး ​စင်တာက ​အကြီးတန်း အရာရှိ ​ဒေါက်တာ ​မင်းဇော်ဦးက ​ယခုလိုပြောပါတယ်။

“လောလောဆယ်ကတော့ ​ကျွန်တော်တို့ ​လိုင်ဇာကနေပြီးတော့ ​ပြန်လာနေကြတယ်ပေါ့နော်။ ​ဒီနေ့ ​တိုင်းရင်းသား ​ဒီခေါင်းဆောင်တွေ ​မြစ်ကြီးနားကို ​ရောက်နေတယ်။ ​ရောက်တဲ့အခါကြရင်တော့ ​သူတို့ ​လိုင်ဇာမှာ ​ဆွေးနွေးလာတဲ့ ​ကိစ္စတွေကိုလည်း ​ကျွန်တော်တို့ကို ​ပြန်ပြီးတော့ ​သူတို့ ​ပြောပြ မယ်ပေါ့။ ​အဲဒီအပေါ်မှာ ​အခြေခံပြီးတော့ ​ကျွန်တော်တို့ ​ရှေ့ဆက်ပြီးတော့ ​ဘယ်လိုဆက်သွားမလဲ ဆိုတဲ့ ​ကိစ္စတွေ ​အဓိက ​ဆွေးနွေးကြမှာပါ။”

တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့အစည်း ​၁၇ ​ဖွဲ့က ​နိုင်ငံလုံးဆိုင်ရာ ​အပစ်အခတ်ရပ်ရေး ​ဘုံသဘော တူညီချက် ကို ​နိုဝင်ဘာလ ​၁ ​ရက်နေ့က ​လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ​ဒါပေမယ့် ​အဲဒီဘုံသဘော တူညီချက်ကို ​ရှမ်းပြည် ​ပြန်လည်ထူထောင်ရေး ​ကောင်စီ ​RCSS/SSA ​တောင်ပိုင်းတပ်ဖွဲ့ကတော့ ​လက်မှတ် မထိုးခဲ့ဘူးလို့ ​သိရပါတယ်။
တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့တွေဟာ ​ညီလာခံအပြီးမှာ ​ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ​အဲဒီထဲမှာ  ​ဖယ်ဒရယ်စနစ် ​ပြည်ထောင်စုဖွဲ့စည်းခွင့် ​ဖယ်ဒရယ် ​တပ်မတော် ​ဖွဲ့စည်းခွင့်နဲ့ ​စစ်တပ်ဟာ ​အရပ်သား ​အုပ်ချုပ်ရေး ​လက်အောက်မှာ ​ရှိရမယ်ဆိုတဲ့ ​အချက်တွေအပြင် ​အကျိုးစီးပွားပိုင်ဆိုင်ခွင့်စတဲ့ ​စီးပွားရေး ​ဆိုင်ရာ ​အချက်တွေကို ​ထည့်သွင်းထားတယ်လို့ ​သိရပါတယ်။
တဆက်တည်းမှာပဲ ​တိုင်းရင်းသား ​လက်နက်ကိုင်တွေ ​တစ်ဖွဲ့ချင်းဆီရဲ့ ​တောင်းဆိုချက်တွေကို ​မလိုက်လျောခဲ့ဘူး ​ဆိုရင်လည်း ​တစ်နိုင်ငံလုံး ​အတိုင်းအတာနဲ့ ​အပစ်အခတ်ရပ်စဲရေးမှာ ​အားလုံးက ​လက်မှတ်ထိုးမှာ ​မဟုတ်ဘူးလို့ ​တိုင်းရင်းသား ​လူမျိုးများ ​ဖယ်ဒရယ်ကောင်စီ ​UNFC ​က ​ပြောဆိုထားတဲ့ ​အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားအဖွဲ့ညီလာခံနဲ့ ​ဘုံသဘောတူညီမှု

ကချင်ပြည်နယ် ​လိုင်ဇာမြို့မှာ ​ကျင်းပပြုလုပ်ခဲ့တဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့တွေရဲ့ ​ညီလာခံကနေ ​ဘုံသဘောတူညီမှုတခုရခဲ့ပါတယ်။အခုလို ​ဘုံသဘောတူညီမှုရခဲ့တဲ့အတွက် ​တိုင်းရင်းသား ​လက်နက်ကိုင် အဖွဲ့တွေနဲ့ ​မြန်မာအစိုးရကြား ​ငြိမ်းချမ်းရေးကိစ္စကို ​ရှေ့ဆက်ပြီး ​စကားပြောဆိုဆွေးနွေးနိုင်မှာဖြစ်တယ်လို့ ​တိုင်းရင်းသားလက်နက်ကိုင် ​အဖွဲ့က ​ပြောပါတယ်။
လိုင်ဇာမြို့ ​တိုင်းရင်းသား ​ညီလာခံကို ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့ ​၁၇ဖွဲ့က ​ကိုယ်စားလှယ်ပေါင်း ​၆၀ ​လောက် ​တက်ရောက်ခဲ့ကြပြီး ​ပြီးခဲ့တဲ့ ​ဗုဒ္ဓဟူးနေ့ကနေ ​စနေနေ့အထိ ​ကျင်းပ ​ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာအစိုးရက ​တနိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး ​လက်မှတ်ရေးထိုးရေးကို ​ဒီနိုဝင်ဘာလအတွင်းမှာ ​ပြုလုပ်ဖို့ ​စီစဉ်ထားတာဖြစ်ပါတယ်။
တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့ ​အနေနဲ့ ​တစ်နိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ​ဘုံသဘောတူညီချက် လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး ​အချက် ​၁၁ချက်ကို ​ချမှတ်ခဲ့ကြတယ်လို့ ​ညီလာခံကထုတ်ပြန်တဲ့ ကြေညာ ချက် ထဲမှာ ​ဖော်ပြထားပါတယ်။ ​ဒါပေမယ့် ​ချမှတ်ခဲ့တဲ့ ​အချက် ​၁၁ချက် ​ရဲ့ ​အသေးစိတ်ကိုတော့ ​ဖော်ပြ ထားခြင်းမရှိဘူးလို့ ​သိရပါတယ်။

ABC

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here