Monday, November 4, 2013

ဆူးလေဆိပ်ကမ်းတွင်လေလံစာရင်းဝင်သွားသည့် ရက်လွန်ကား ၆၈ စီးသာရှိ

0 comments

Monday, November 4, 2013

မော်တော်ယာဉ်များအား ရက် ခြောက်ဆယ်ကျော်ပါက ဆိပ် ကမ်းအာဏာပိုင်များက လေလံ ယာဉ်များအဖြစ် သတ်မှတ်ရာတွင် ဆူးလေဆိပ်ကမ်း၌ သတ်မှတ် ရက်ကျော်လွန်ပြီး လေလံစာရင်း ၀င် ကားစီးရေ ၆၈ စီး ထုတ်ယူရန် ကျန်ရှိနေကြောင်း “မြန်မာ့ဆိပ် ကမ်း အာဏာပိုင်အဖွဲ့”မှ သိရ သည်။

ဆူးလေဆိပ်ကမ်းတွင် ပြည် ပမှ ကွန်တိန်နာများဖြင့် သယ် ဆောင်လာသော ကားများထားရှိ ပြီး ယာဉ်ပိုင်ရှင်များအနေဖြင့် စာ ရွက်စာတမ်း အပြည့်အစုံနှင့် အ ကောက်ခွန်ဦးစီးဌာနမှ ထုတ်ယူ ခွင့်ပေးပါက ဆိပ်ကမ်းကနေ ထုတ် ယူနိုင်ကြောင်း သိရသည်။

“ဆိပ်ကမ်းကို ကားသင်္ဘော မဆိုက်တာ တော်တော်ကြာပြီ၊ ဒီ မှာလေလံဝင်တဲ့ကားတွေပဲရှိတော့ တယ်၊ ဒဏ်ကြေးမဆောင်ရဘဲ တရားဝင်ထုတ်ယူနိုင်တဲ့ယာဉ်တွေ အခု ဒီဆိပ်ကမ်းမှာ တစ်စီးမှ မရှိ သေးပါဘူး၊ လေလံဝင်တဲ့ ကား တွေကို ထုတ်ယူမယ်ဆို ဒဏ် ကြေးဆောင်ပြီးရင် ထုတ်ယူနိုင် ပါတယ် ”ဟု “ဆူးလေဆိပ်ကမ်း အာဏာပိုင်အဖွဲ့” မှ မန်နေဂျာ ဗိုလ်မှူးစိုးမြင့်က ပြောသည်။

ဆိပ်ကမ်းများသို့ ရောက်ရှိ လာသောကားများကို သတ်မှတ် ရက် ခြောက်ဆယ် ကျော်လွန်ပါ က လေလံယာဉ်အဖြစ် သတ်မှတ် ပြီး ထုတ်ယူခွင့်ပြုရာတွင် ဒဏ်ကြေး သတ်မှတ်ထားခြင်းမရှိဘဲ နှောင့် နှေးကြေး (Demurrage Charge) သာ ကောက်ခံခြင်းဖြစ်ပြီး သုံးရက် ကျော်လွန်ပါကလည်း အခမဲ့အ ဖြစ် သတ်မှတ်ပြီး ရက်ခြောက် ဆယ်ထက် ကျော်လွန်ပါက ကျပ် သုံးရာဖြင့်သာ ကောက်ခံမည်ဖြစ် ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်အဖွဲ့မှ သိရသည်။

Automobile Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here