Monday, November 4, 2013

အီဂျစ်ကြားဖြတ်အစိုးရကို အမေရိကန် ကူညီမယ်လို့ဆို

0 comments

4.11.2013


အီဂျစ်နိုင်ငံမှာ ဒီမိုကရေစနစ် ပြန်လည် အသက်ဝင်လာအောင် လက်ရှိ ကြားဖြတ် အစိုးရကို အကူအညီပေး သွားမယ်လို့ အမေရိကန် ကပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ကြိုတင်ကြေငြာမထားပဲ အီဂျစ်ကိုရောက်ရှိလာတုန်း အခုလိုပြော လိုက်တာ ဖြစ်ပါတယ်။

အီဂျစ်သမ္မဟောင်း မိုဟာမက်မော်စီကို ဖယ်ရှားပြီးကတည်းက ဂျွန်ကယ်ရီ ဟာ အီဂျစ် နိုင်ငံကိုရောက်လာတဲ့ အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး အရာရှိဖြစ်ပါတယ်။

ဆန္ဒပြလူထုကို အကြမ်းဖက် နှိမ်နင်းမှုနဲ့ သမ္မတဟောင်း မော်စီကို မနက်ဖြန်မှာ စတင်ရုံးတင်မှာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံမှာ သမ္မတကို စစ်အာဏာသိမ်းဖြုတ်ချခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန် က ပေးနေတဲ့ စစ်ရေး အထောက်အပံ့ တချို့ကို ရပ်ဆိုင်းထားခဲ့တာကြောင့် အမေရိကန်နဲ့ အီဂျစ်အကြား ဆက်ဆံရေး တင်းမာမှုတွေ ရှိခဲ့ပေမယ့် အီဂျစ်ဟာ အမေရိကန်ရဲ့ မိတ်ဖက်မိတ်ဆွေဖြစ်တယ်လို့ စစ်တပ်ကကျောထောက်နောက်ခံ လုပ်ထားတဲ့ အီဂျစ် ကြားဖြတ် အစိုးရအဖွဲ့ဝင်နဲ့ တွေ့ဆုံတုန်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ မူအရ ကွဲပြားနိုင်ပေ မယ့် ဆီးရီးယား အစိုးရက အာဏာကို လွှဲပြောင်းပေးရမယ်ဆိုတဲ့ အချက်ကတော့ ဘုံသဘောတူညီ ချက်ဖြစ်တယ်လို့ ပြောကြားခဲ့တဲ့ အပေါ် ဆီးရီယားက တုန့်ပြန်လိုက်ပါတယ်။

ဂျာနီဗာမှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ပြောဆိုချက်ဟာ ဆီးရီးယားနိုင် ငံရေးကို အမေရိကန်ကပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်သလို ဆီးရီးယားနိုင်ငံဟာ
ပြည် ပ  က စွက်ဖက်မှု မပါပဲ ပြည်သူတွေက ဆီးရီးယားနိုင်ငံရဲ့ ရှေ့ရေးကို ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာ အမေရိကန် တို့ နားလည်သင့်ကြောင်း ဆီးရီးယားနိုင်ငံခြားရေး ၀န်ကြီး က ပြန်လည် တုန့်ပြန်ပြောဆို လိုက်ပါတယ်။

ABC

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here