Tuesday, November 5, 2013

မြန်မာကို သံသယနဲ့ ပြန်ကြည့်နေပြီလား (ဒုတိယပိုင်း)

0 comments



ရခိုင်ပြည်နယ်နှင့် တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုများနှင့် ကချင်ပြည်နယ်က မပြီးပြတ်သေးသော တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ပွဲများကို အမေရိကန် လွှတ်တော်ကြား နာပွဲများ၌ ထောက်ပြသုံးသပ်မှုများ ပိုစိပ်လာ၏။မြန်မာစစ်တပ် က တိုင်းရင်းသားဒေသများတွင် လယ်ယာမြေများကို သိမ်းယူပြီး စီးပွားရေးလုပ်ကိုင်မှုကို ထောက်ပြသူက ထောက်ပြကြသည်။ ထို့အပြင် စစ်တပ်အမတ်များ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းပါဝင်နေသည့် အခြေခံဥပဒေကြောင့် လက်ရှိ လုပ်နေသော နိုင်ငံရေးပြောင်းလဲမှုများကို စစ်တပ်က လွယ်ကူစွာ နောက်ပြန်လှည့်နိုင်သည်ဟု လည်းဆိုသူက ဆိုကြသည်။

သမ္မတအိုဘားမားအစိုးရကို မြန်မာအစိုးရအပေါ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်လာအောင် တွန်းအားပေးရန် လူ့အခွင့်အရေးအခြေအနေ တိုးမြှင့်ရန်နှင့် တရားဥပဒေစိုးမိုးရေးရှိလာအောင် ဆောင်ရွက်ရန် တွန်းအားပေးသင့်ကြောင်း ကြားနာပွဲများတွင် တင်ပြချက်အမျိုးမျိုးနှင့် လွှတ်တော်အမတ်များက တိုက်တွန်းသွားကြသည်။

ယခုလောလောဆယ်တွင်မူ အိုဘားမားအစိုးရအဖွဲ့၏ မြန်မာအပေါ် သဘောထားက အကောင်းမြင်သည့် အနေအထားမှာပင် ရှိသေးသည်။ပြောင်းလဲချက် တစ်စုံတစ်ရာ ထူးထူးခြားခြားမရှိသေး။

သို့သော် လွှတ်တော်ကြားနာပွဲများတွင် နှစ်စပိုင်းကလို မြန်မာအပေါ် ချီးမွမ်းသံများကမူ တစ်စထက်တစ်စ တိတ်ဆိတ်လာခဲ့သည်။ ပြစ်တင်ပြောဆိုသံများကသာ ပိုစိပ်လာ၏။ တစ်နည်းဆိုရသော် ဆောင်းဦး
ရွက်ကြွေရာသီအောက်က အမေရိကန်ကွန်ဂရက်အဆောက်အအုံရှိရာ ကတ်ပီတယ်ဟေးလ်တွင် မြန်မာကို သံသယဖြင့်ကြည့်လာသူတွေ ပိုများလာနေပါပြီ။ ။


7 Day News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here