Friday, November 22, 2013

မန်တုံဒေသရှိကျောင်းသားလူငယ်များအတွက်ကူညီရန်ရံပုံငွေရှာဖွေပွဲ အစီစဉ်လားရိုးတွင်ကျင်းပရန်ရှိ

0 comments


22.11.2013

ရှမ်းပြည်နယ်မြှောက်ပိုင်း လားရိုးမြို့တအောင်းစာပေနှင့် ယဉ်ကျေးမူအဖွဲ့နှင့် တအာင်းကျောင်းသားလူငယ်များမှ ရှမ်းပြည် နယ်မြှောက် ပိုင်း မန်တုံမြို့နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံ ကလေးငယ်များအတွက် လိုအပ်လျှက်ရှိသော ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များ ကို ကူညီနိုင်ရန်အတွက် ရန်ပုံငွေရှာဖွေမူ အစီအစဉ် တစ်ရပ် အနေဖြင့် နိုဝင်ဘာ (၂၂) သောကြာနေ့ည(၆)နာရီမှ စတင်ကာ ရပ်ကွက်(၁၂)ပြည်ထောင်စု အားကစားခန်းမတွင် မဇ္ဈိမလှိုင်း တေးဂီတ အဖွဲ့မှ ဖျော်ဖြေတင်ဆက်ပေးရန်ရှိကြောင်း ၎င်းဖွဲ့မှ သိရသည်။

“ကျွန်တော်တို့ မန်တုံဒေသမှာက ပလောင်တိုင်းရင်သား အများဆုံး နဲ့ တခြားတိုင်းရင်းသားတွေလည်း နေထိုင်ကြပါတယ်။ လမ်းပန်း ဆက်သွယ်ရေးအရကလည်း ချောင်ကျဝေးလွန်းသော လူသူအရောက် အပေါက် နည်းတာမို့ သည်ဒေသမှရှိတဲ့ စစ်ပြေးရှောင်ဒုက္ခသည်တွေနဲ့အတူ ပါလာတဲ့ ကျောင်းသားကလေးငယ်တွေနဲ့ ဒေသခံကလေးတွေရဲ့ လိုအပ်ချက်တွေကို အကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီပွဲကို ၀ိုင်းဝန်းစီစဉ်ဖြစ်ခဲ့တာပါ”ဟု တအောင်းကျောင်းသားလူငယ်များဖွဲ့မှ ကိုမိုင်းသိန်းဇော် ကပြောသည်။

ဖျော်ဖြေပွဲအစီစဉ်တွင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမူအကမျိုးစုံ ကိုတင်ဆက်ပေးမည့် အပြင်မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ အား အဆိုတော်များဖြစ်သော ချစ်ကောင်း၊ ဂျီလတ်၊ ရန်ဓန၊ ကောင်းပြည့်မိုင်းအိုက်ဒါန်းဝင်၊ ရတနာ၊ ၀တီ၊ ခက်ခက် ရန်အောင်၊ အေးမင်းမင်းစံတို့က အားဖြည့်ပါဝင်သီဆိုပေးမည်ဖြစ်ပြီး ဖျော်ဖြေပွဲတွင် စာအုပ်စာရေးကရိယာဆေးဝါး အ၀တ်အစား အလှူငွေများကို ၎င်းကလေးငယ်များအတွက် ပေးအပ်လှူဒါန်းနိုင်ရန်စီစဉ်ထားခြင်းလည်း ဖြစ်သည်။

တင်ဦး(စောထ)
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here